ဘားအံမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသူ/သားများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းများ ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ဒုတိယနေ့အဖြစ် ယနေ့နံနက် (၉)နာရီအချိန်က ဆေးထိုးစုရပ်(၁၁)နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြကြောင်း သိရှိရသည်။