မိုင်းလုံမြို့ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီထံ ဆေးဝါးများ ပေးအပ်လှူဒါန်း

မိုင်းလုံ အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ယနေ့နံနက်က ကိုဗစ်-၁၉‌ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီထံ  ဆေးဝါးများ ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

ယခုလိုလှူဒါန်းရာတွင် အောင်ရပ်ကွက်နေ ကွယ်လွန်သူ ဒေါ်နွန်းအားရည်စူး၍ ကျန်ရစ်သူမိသားစုမှ ကိုဗစ်-၁၉ ‌‌ရောဂါ လူနာများအတွက်  လိုအပ်သော ဆေးဝါးများကို တန်ဖိုး(၁၃၀၀၀၀/-)ကျပ်ဖိုး ဝယ်ယူ လှူဒါန်းရာ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက လက်ခံရယူခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့ ကိုဗစ်-၁၉ ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကလည်း ယနေ့အချိန်ထိ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၂၁၇)ဦးရှိကြောင်း၊ ကျန်းမာလာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ (၁၈၁)ဦး၊ သေဆုံးလူနာ(၄)ဦးပြီး ဆေးကုသမှုခံယူသူ(၃၂)ဦးရှိရာ လှူဒါန်းသော ဆေးဝါးများကို လိုအပ် သော လူနာများထံ ပြန်လည်‌ပေးအပ်လှူဒါန်းသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)