သံဝေဇနိယလေးဌာန "ဖွား၊ ပွင့်၊ ဟော၊ စံ" အစည်းအဝေးခန်းမ၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဂေါပကအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပုဗ္ဗသီရိ အောက်တိုဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် သံဝေဇနိယလေးဌာန "ဖွား၊ ပွင့်၊ ဟော၊ စံ" အစည်း အဝေးခန်းမ၌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဂေါပကအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးမှ သီတင်းကျွတ်အခါသမယမှာ ဘုရားဖူးများ စည်စည် ကားကား လာရောက်ဖူးမျှော်နိုင်ရေး၊ လာရောက်သည့် ဘုရားဖူး မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့် အညီ ဆောင်ရွက်သွားရန် ပြောကြားခဲ့ပြီး သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်မှ လိုအပ်သည်များကို ပြောကြားခဲ့သည်။ ထို့နောက် ဂေါပက အဖွဲ့ဝင်များက တစ်ဦးချင်း မိမိဌာနလုပ်ငန်းတာဝန်များအား ရှင်းလင်းပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုးမှ ရှင်းလင်းချက် များအပေါ် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ထို့နောက် နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပွင့်စေတီထီးတော်အနီးတွင် ညောင်ပင်များ ပေါက်ရောက်နေမှုကို ရှင်းလင်းဆောင်ရွက်ခြင်းများ အား ကြည့်ရှုခဲ့ကြသည်။

အခမ်းအနားကို နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ သာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်အောင်၊ နေပြည်တော် သာသနာရေးမှူး၊ ဂေါပကအဖွဲ့ဝင်များ၊ ဥတ္တရခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်  မြို့နယ်သာသနာရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)