မောက်မယ်မြို့နယ်တွင် ပန်းခင်းစီမံချက်အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် ပြည်သူများအတွက် ပန်းခင်းစီမံချက် ဥပဒေနှင့်အညီ ဒေသခံတိုင်းရင်းသားပြည်သူများ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အားလုံးရရှိစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတို့မှ ပူးပေါင်းပြီး ပန်းခင်းစီမံချက်အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ တွင်ကျင်းပခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အသက် (၁၈)နှစ်မှ (၆၅)နှစ်ကြားပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး ခြင်းကို အောက်တိုဘာ ၁၈ ရက် နံနက် ၉နာရီက  ဟိုပုံးမြို့နယ်ပြည်သူ့ဆေးရုံ၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမ၊ ကျောက်တန်း တိုက်နယ်ဆေးရုံ၊ နမ့်ခုတ်တိုက်နယ်ဆေးရုံ၊  မိုင်းပျဉ်းတိုက်နယ်ဆေးရုံ၊ စံဖူးကျေးလက် ကျန်းမာရေးဌာနခွဲ၊ နောင်ဒေးကျေးလက် ကျန်းမာရေး ဌာန တို့တွင် ထိုးနှံလျက်ရှိသည်။   

တန့်ယန်းမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ''ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့'' ဆိုသည့်အတိုင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းဆင့် အသက်(၁၂)နှစ်နှင့် အထက်  ကျောင်းသား/ကျောင်းသူများအား ''ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို အောက်တို ဘာလ ၁၇ ရက်နေ့ မွန်းလွဲညနေပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ စတင်ထိုးနှံ ပေးသည်။

အသက်(၁၂)နှစ်နှင့်အထက်ကျောင်းသား/ကျောင်သူများတို့အားကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့နှင့်ကျေးရွာများရှိ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်သူများတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးခြင်းကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက်(၉)နာရီအချိန်ခန့်က ကာလိမြို့အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

မိုင်းနောင်မြို့ တွင်အသက်(၁၂)နှစ်အထက်ကျောင်းသား၊ကျောင်းသူများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခြင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ၊ မိုင်းနောင်မြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ယနေ့နံနက်(၉) နာရီက အခြေခံပညာ အထက်တန်း ကျောင်း၌စတင်ထိုးနှံပေးလျက်ရှိရာ ညနေ(၄)နာရီအချိန်ထိ ကျောင်းသား/ကျောင်းသူပေါင်း(၁၅၀)ဦးကို ထိုးနှံပေး ပြီးကြောင်းသိရှိရသည်။

ပြင်ဦးလွင်မြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း ၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း ၊ အထက် တန်းကျောင်းတို့ရှိ အသက် ၁၂ နှစ် နှင့် အထက် ကျောင်းသား ၊ ကျောင်းသူများအား ကိုဗစ် - ၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ( ၉ ) နာရီ မှ စတင်ပြီး အမှတ် ( ၄) ၊ အခြေခံပညာအထက်တန်းကျောင်း ၊ကံ့ကော်ခန်းမ၌ ဆေးထိုးစုရပ်အဖြစ်သတ်မှတ်ပြီး ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်းသိရသည် ။

မိုးနဲမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရေး အသိပညာပေး မြေစိုက်ပိုစတာများစိုက်ထူ

မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ “ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင် ၊မိုးနဲမြို့နယ်အတွင်းရှိ အသက်(၁၂) နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသား/ သူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးရန်နှင့် ကျောင်းဖွင့်ချိန်အမီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး ၂၀၂၁-ခုနှစ် အောက်တိုဘာလ အတွင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့များက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်နှင့်အထက် အခြေခံ ပညာ အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများအား ထိုးနှံပေးသွားမည်ဖြစ်‌ ကြောင်းသိရသည်။

နမ့်ခမ်းမြို့၌ ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ်အထက် ကျေးရွာပြည်သူများ(၁၄၃၀)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး

မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာအုပ်စုများရှိ အသက်(၁၈)နှစ် အထက် ကျေးရွာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း (၁၀)နာရီအချိန် ကျေးရွာအုပ်စုများရှိ တိုက်နယ်ဆေးရုံများ၊ ကျေးရွာဓမ္မာရုံများနှင့် စာသင် ကျောင်းများ၌ ကျေးရွာအရောက် ကွင်းဆင်း၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း အုပ်စုလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ပြန်လည် ထိုးနှံခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အချိန်နှင့် တပြေးညီ မိုးနဲမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပ‌ပျောက်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ၏ စည်းကမ်းချက်များနှင့်အညီ ယနေ့မနက် ၉နာရီအချိန်တွင် မြို့နယ်ကမ္ဘောဇခန်းမ၌ ၁၈ နှစ်နှင့်အထက် ပထမအကြိမ်ထိုးနှံပြီး၍ ၂၈ ရက်ပြည့်ပြီးသူများကို ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပြန်လည် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Subscribe to