ရှင်ဗွေယန်မြို့၌ကုန်စုံဆိုင်/ဈေးဆိုင်များတွင် မီးရှုး၊ မီးပန်း၊ဗျောက်အိုးများရောင်းဝယ်ခြင်း မရှိစေရန် အတွက် လိုက်လံစစ်ဆေး
ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် ရှင်ဗွေယန်မြို့၌ မကြာမီကျရောက်မည့် သီတင်းကျွတ်ကာလတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် အများပြည်သူ ထိတ်လန့်စေမည့်မီးရှုး မီးပန်း ဗျောက်အိုးများ ဖောက်ခွဲခြင်း၊ ရောငိးဝယ်ခြင်း မရှိစေရန်အတွက် လိုက်လံ စစ်ဆေးခြင်းကို ယနေ့နံနက် (၁၁)နာရီက မြို့ပေါ် (၄)ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင် /ဈေးဆိုင်များကို လိုက်လံစစ်ဆေးခဲ့ကြသည်။