ကျိုင်းတုံမြို့၌ နှစ်သစ်အထူးဓမ္မသဘင် စည်ကားသိုက်မြိုက်စွာကျင်းပ
ကျိုင်းတုံ ဇန်နဝါရီ ၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်သစ်အထူး ဓမ္မသဘင်ကို ယမန်နေ့ ည ၇ နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။
ကျိုင်းတုံ ဇန်နဝါရီ ၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်သစ်အထူး ဓမ္မသဘင်ကို ယမန်နေ့ ည ၇ နာရီက မြို့တော်ခန်းမတွင် ကျင်းပသည်။
နေပြည်တော် ဇန်နဝါရီ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် JEK ပညာဒါနသင်တန်းတို့ ပူပေါင်းဖွင့်လှစ်လျက်ရှိသည့် ဘာသာစကားသင်တန်းများတွင် တက်ရောက်လျက်ရှိသော သင်တန်းသား၊ သင်တန်းသူများအား ဘာသာစကားများသင်ကြားရာတွင် စာတွေ့သင်ကြားရုံသာမက လက်တွေ့ပြောဆိုနိုင်သည့် စွမ်းရည်များ မြှင့်မားတိုးတက်စေရန် ရည်ရွယ်၍ ဂျပန်ဘာသာစကားပြောစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။
ဂန့်ဂေါ ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် တစ်နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ အား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၈ နာရီတွင် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန ကျန်းမာရေး ဝန်ထမ်းများက လာ ရောက်၍ ဆေးထိုးနှံပေးသည်။
ကန့်ဘလူ ဇန်နဝါရီ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲကျင်းပနိုင်ရေးအတွက် ယနေ့ နံနက် ၁၀ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် အစမ်းလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့သည်။
ရန်ကုန် ဇန်နဝါရီ ၇
ပြည်သူများ သတင်းမှန်ကို သိရှိစေရန်၊ သတင်းများအား အချိန်နှင့် တစ်ပြေးညီသိရှိနိုင်စေရန် ရည်ရွယ်၍ ဗီဒီယိုသတင်းရိုက်ကူး တည်းဖြတ်ပေးပို့ခြင်းသင်တန်းအမှတ်စဉ်(၂)ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း(အောက်ဘလောက်)ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်သင်တန်းကျောင်းတွင် ယနေ့ နံနက်(၉)နာရီက ကျင်းပခဲ့သည်။
မကွေး ဇန်နဝါရီ ၇
မကွေးမြို့နယ်၊ ဖုတ်ကုန်းကျေးရွာအုပ်စု၊ လျောင်းတော်ဦးကျေးရွာရှိ အထက်တန်းကျောင်းခွဲတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ဆွမ်ပရာဘွမ် ဇန်နဝါရီ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အရန်မီးသတ်တပ် ဖွဲ့၀င်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း(၁/၂၀၂၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ် ဘန်ရူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပန်းတနော် ဇန်နဝါရီ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်သည်။
ညောင်ရွှေ ဇန်နဝါရီ ၆
ဇန်နဝါရီလ ပထမပတ်ရုံးပိတ်ရက်အတွင်း ညောင်ရွှေမြို့နှင့် အင်းလေးဒေသတွင် အနယ်နယ်အရပ်ရပ်မှ ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
Copyright 2020