သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူလေးများအား ပထမအကြိမ် (တတိယ)နေ့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေး

ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် သံတွဲမြို့နယ်ရှိ အသက် ၁၂ နှစ်နှင့်အထက် အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူလေးများအား ကျောင်းနေအရွယ် ကလေးများ ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်ရောဂါ ကာကွယ်ဆေး (Sinovac) ကို အောက်တိုဘာ ၁၉ ရက်နေ့တွင် သတ်မှတ်ထားသော ကျောင်းများ၏ သတ်မှတ်ကျောင်းသား ဦးရေအလိုက် သက်ဆိုင်ရာ စုရပ်ဆေးထိုး စင်တာ(၁၁)ခု တွင် ပထမအကြိမ် (တတိယ)ရက်အဖြစ် နံနက် ၈နာရီမှ စတင်ထိုးနှံပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။

ကရင်ပြည်နယ်ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကရင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများရှိ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စည်းလုံးညီညွှတ်စွာ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းနိုင်ရေးအတွက် ကရင်ပြည်နယ်ငြိမ်းချမ်းရေး အထောက်အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်း အဝေးခန်းမ၌ ကျင်းပသည်။

ပန်းခင်းစီမံချက်လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းပန်းခင်းစီမံချက်လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ရသေ့တောင်မြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၉၆၅၈)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ် အသီးသီးတွင် အောက်တိုဘာ ၁၇ ရက်နေ့မှ စ၍ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၇၆ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမှတ် (၁)၊ (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၇၆ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၂)အခြေခံပညာ အထက်တန်း ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သည်။

ကျိုင်းတုံမြို့နယ်တွင် အများပြည်သူအကျိုးငှာ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ပစ်ဖောက်ခြင်း မပြုလုပ်ရန် အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အများပြည်သူအကျိုးငှာ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ပစ်ဖောက်ခြင်း မပြုလုပ်ရန် အသိပေးနှိုးဆော်ခြင်း အောက်တိုဘာ ၁၈ ရက်က တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် စားသုံးဆီ တစ်ပိဿာ (၃၉၅၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ တစ်အိမ်ထောင် (၂)ပိဿာနှုန်း ရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စားသုံးဆီများကို ပြည်သူများ ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် မြိတ်တောင်ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးရှေ့၌ မြိတ်ခရိုင် ဆီလုပ်ငန်းရှင် အသင်းမှ စားသုံးဆီ တစ်ပိဿာလျှင် (၃၉၅၀)ကျပ်ဖြင့် တစ်အိမ်ထောင် (၂)ပိဿာနှုန်း ရောင်းချပေး လျက်ရှိသည်။

ချောင်းဦးမြို့နယ်၌ မိုးစပါး တစ်ဧကတင်း (၁၀၀) အထက် ထွက်ရှိရေး ကွင်းဆင်းပညာပေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် မိုးစပါးတစ်ဧက တင်း(၁၀၀) အထက် ထွက်ရှိစေရေးအတွက် ကွင်းဆင်းပညာပေးခြင်းလုပ်ငန်းကို ရွာထင်ကျေးရွာ တောင်သူ ဦးကြိုင်၏ ကွင်းအမှတ် ၁၉၆၃/က တွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်း ယမန်နေ့အထိ အသက် (၁၂)နှစ် အထက် ကျောင်းသား/သူ ၁၄၀၃ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း အသက် (၁၂) နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း (၅) ကျောင်းတို့၌ ဆေးထိုးစုရပ်များ ပြုလုပ်ကာ ထိုးနှံပေးလျက်ရှိရာ အောက်တို ဘာလ(၁၇)ရက်နေ့နှင့် အောက်တို ဘာလ (၁၈)ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ကျောင်းသား၊ ကျောင်းသူ (၁၄၀၃)ဦးရှိ ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရှမ်းပြည်နယ်အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ့ (၄) နာရီက ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Subscribe to