လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၁)ဦး ပို့းတွေ့ရှိခဲ့ပြီး ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် အောက်တိုဘာလ (၁၈)ရက်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူ များ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၁၁၂) ဦးတို့ အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂၂) ဦးမှာ Positive ဖြစ်ပါ သဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂၃)ဦးရှိရာ ၎င်းပိုးတွေ့လူနာများ အနက် လွိုင်ကော်ဆေးရုံကြီးတွင် (၈) ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၂)ဦး၊ ဘောလခဲမြို့နယ်ဆေးရုံတွင် (၃)ဦး၊ ဘောလခဲမြို့နယ် တပ်မတော်ဆေးရုံတွင် (၁)ဦး၊ ဘောလခဲမြို့နယ်ရှိ (PMC)များတွင် (၃)ဦး၊ ဖားဆောင်းမြို့နယ် ဆေးရုံတွင် (၂)ဦး၊ ဖားဆောင်းမြို့နယ်ရှိ (PMC)များတွင်(၄)ဦး ထားရှိကုသပေးလျက်ရှိ ကြောင်း သိရှိရသည်။