ဒေးဒရဲမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် အခြေအနေနှင့် ပတ်သတ်၍ ပြည်သူများ၏ ရင်တွင်းစကားသံများ

ဒေးဒရဲ အောက်တိုဘာ  ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက ပထမအကြိမ် ဒုတိယနေ့အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးသည့် အခြေအနေနှင့် ပတ်သတ်၍ ပြည်သူများ၏ ရင်းတွင်းစကားသံများကို ယခုကဲ့သို့ ကြားသိခဲ့ရသည်။

“သမီးနာမည်က မစုသိမ့်သိမ့်သော် ဖြစ်ပါတယ်။ သတ္တမတန်းကျောင်းသူတစ်ဦး ဖြစ်ပါတယ်။ သမီးမိဘတွေက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးဖို့ တိုက်တွန်းကြလို့ ဆေးလာထိုးဖြစ်တာပါ။ သမီးကာကွယ်ဆေး ထိုးလိုက်တာနဲ့ သမီးသူငယ်ချင်းနဲ့ သမီးမိသားစု အားလုံးကိုဗစ်-၁၉ ရောဂါကူးစက်မှုကနေ ကာကွယ်သွားနိုင်မယ်လို့ ယူဆပါတယ်။ သူငယ်ချင်းတွေလည်း ဆေးလာ ထိုးကြပါတယ်။ ကာကွယ်ဆေးထိုးပြီးရင် ကျောင်းတွေ ပြန်တက်ရတော့မယ်။ သူငယ်ချင်းတွေနဲ့ အတူ ပညာသင်ယူခွင့် ရတော့မှာမို့ ပျော်ပါတယ်။ ဆေးထိုးတာနာကျင်ခြင်း မခံစားရပါဘူး။ သမီးတို့ကျောင်းသားလူငယ်တွေ ရှေ့ရေးအတွက် စိတ်ချလက်ချ ပညာသင်ကြားနိုင်မည့် အခွင့် အရေးတစ်ရပ်ဖြစ်လို့ သူငယ်ချင်းတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဆေးထိုးရာမှာ ပါဝင်ဆောင်ရွက်နေတဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူး တင်ပါတယ်” ဆက်လက်ပြီး ကျောင်းသားမိဘတစ်ဦးက ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။ “ကျွန်တော့် နာမည်က ကိုဗညားသူရိန်ထွန်းပါ။ ကျောင်းသားမိဘတစ်ဦး ဖြစ်ပါတယ်။ ကလေးတွေကို လာရောက်ဆေးထိုး ဖြစ်ရတဲ့အကြောင်းကတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအသုတ် ဆေးထိုးပြီးနောက် ကျောင်းပြန် ဖွင့်မယ် ဆိုတဲ့အခါကျတော့ ကာကွယ်ဆေး မထိုးထားဘူးဆိုရင် ကိုဗစ်-၁၉ ရောဂါ ကုးစက်နိုင်မှု အန္တရာယ်က များပါတယ်။ ကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ခုခံနိုင်စွမ်းအများကြီး မြင့်မယ်။ ကလေးတွေလည်းအန္တရာယ် ကင်းကင်းနဲ့ ပညာသင်ယူခွင့် ရနိုင်မယ်ထင်ပါတယ်။ ဒါ့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး လာထိုးခြင်း ဖြစ်ပြီး ကာကွယ်ဆေး ထိုးခွင့်ရတဲ့အတွက် ကျောင်းတွေမှာ ပညာသင်ကြားခွင့် ရတော့မှာမို့ မိဘအနေနဲ့ပျော်ပါ တယ်။ ကိုယ့်သားသမီးလေးတွေ ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းတွေ နားထားရတာ။ အခုပညာသင်ကြားခွင့် ရတော့မှာမို့ တာဝန်ရှိအားလုံးကို ကျောင်းသား မိဘများ ကိုယ်စားကျေးဇူးတင်စကား ပြောကြားလိုပါတယ်” အဆိုပါ အခြေခံပညာ အထက်တန်းကျောင်းတွင် ဒုတိယနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)