တောင်သာမြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်ပြည့် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ အသက်(၁၂) နှစ်ပြည့် အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ကျောင်းသူများအား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က စတင်၍တောင်သာ အ.ထ.က ကျောင်း နဝရတ်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။