ကျိုက်လတ်မြို့နယ် ငပိချောင်းကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ကျိုက်လတ် အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာများအရောက် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက ငပိချောင်းကျေးရွာ အုပ်စုတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာရှိ ပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ နေ့ချင်းပြီး ထုတ်ပေးနိုင်ရေး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ပြုလုပ်ဆောင်ရွက်ပေးခဲ့ ရာ ၁၀ နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကပ်ပြား ကျား(၁)၊ မ(၁)ဦး ပေါင်း(၂)ဦး၊ ၁၈ နှစ်ပြည့်နိုင်ငံသား စိစစ်ရေးကတ်ပြား ကျား(၃)ဦး၊ မ(၁)ဦး ပေါင်း(၄)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈ နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသား စိစစ်ရေးကပ်ပြား ကျား(၃၂)ဦး၊ မ(၁၆)ဦး ပေါင်း(၄၈)ဦးနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ဆုံး/ပျက်စီးမိတ္တူ ထုတ်ပေးမှု ကျား(၁၃)ဦး၊ မ(၁၃)ဦး ပေါင်း(၂၆)ဦး၊ စုစုပေါင်း ကျား(၄၉)ဦး၊ မ(၃၁)ဦး စုစုပေါင်း(၈၀)ဦး ထုတ်ပေးခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်