ရသေ့တောင် အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ် အသီးသီးတွင် အောက်တိုဘာ ၁၇ ရက်နေ့မှ စ၍ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ရသေ့တောင်မြို့နယ်အတွင်းရှိ ဆေးထိုးသတ်မှတ် နေရာ(၁၈)နေရာများတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာ ၁၈ ရက်နေ့ထိ အလယ်တန်း အဆင့် ကျောင်းသား၊ကျောင်းသူ(၇၅၈၂)ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀၇၆)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၉၆၅၈)ဦးတို့အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့်ကျောင်းသား၊ ကျောင်းသူများ ကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)