ဂွမြို့နယ်အတွင်း ယမန်နေ့အထိ အသက် (၁၂)နှစ် အထက် ကျောင်းသား/သူ ၁၄၀၃ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီး

ဂွ  အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်၊  ဂွမြို့နယ်အတွင်း   အသက် (၁၂) နှစ်နှင့် အထက်   အခြေခံပညာ   အလယ်တန်း၊   အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း (၅) ကျောင်းတို့၌ ဆေးထိုးစုရပ်များ ပြုလုပ်ကာ ထိုးနှံပေးလျက်ရှိရာ အောက်တိုဘာလ(၁၇)ရက်နေ့နှင့်   အောက်တို ဘာလ (၁၈)ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ  ကျောင်းသား၊ ကျောင်းသူ (၁၄၀၃)ဦးရှိ ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဂွမြို့နယ်အတွင်း အ.ထ.က(ဂွ)၊ အ.ထ.က(ဆပ်သွား)၊  အ.ထ.က (ကုလားပြင်)၊ အ.ထ.က (ကျိန္တလီ)နှင့် အ.ထ.က(တောင်ပေါက်) ကျောင်းတို့၌ ဆေးထိုးစုရပ်များအဖြစ် သတ်မှတ်စီစဉ်ထားပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ   ကျောင်းများမှ အသက်(၁၂)နှစ်နှင့် အထက် အထက်တန်ကျောင်းသား၊ ကျောင်းသူ (၄၄၃)ဦးနှင့် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ (၁၄၃၁)ဦး၊ စုစုပေါင်း (၁၈၇၄) ဦးတို့အား အောက်တိုဘာလ (၁၇)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ အောက်တိုဘာလ(၁၈)ရက်နေ့ထိ အသက် (၁၂)နှစ်နှင့်အထက် အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၃၇၃)ဦး၊အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၁၀၃၀)ဦး၊ စုစုပေါင်း (၁၄၀၃)ဦး ရာခိုင်နှုန်းအားဖြင့် (၇၄.၈၇) နှုန်းဖြင့် ကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။ အောက်တိုဘာလ (၂၂)ရက်နေ့တွင် အ.ထ.က.   (တောင်ပေါက်) စုရပ်၌ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရွှေရည်ဝင်းကျော်