ပြင်ဦးလွင်မြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပြင်ဦးလွင်မြို့နယ်၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး ပြင်ဦးလွင် အောက်တိုဘာ ၁၉ ဇော်မျိုးထိုက်

ပုဂံ-ညောင်ဦးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင် သမိုင်းဘုရား အချို့ပျိုကျ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် အောက်တိုဘာ ၁၇ ရက်နှင့် အောက်တိုဘာ ၁၈ ရက်နေ့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရှေးဟောင်းသမိုင်းဝင် ဘုရားအချို့ အောက်တိုဘာ ၁၈ ရက်နေ့က ပြိုကျပျက်စီးခဲ့ကြောင်း ညောင်ဦး မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။

တောင်ကုတ်မြို့ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရန် ပြင်ဆင်ထားမှုအခြေအနေများနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် တွေ့ဆုံမေးမြန်း

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့ သားဖွားသင်တန်းကျောင်း၌ သင်တန်းတက်ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ သားဖွား သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းတက် ရောက်နေသည့် သင်တန်းသူများအား တွေ့ဆုံအားပေးခဲ့သည်။

ကော့သောင်းမြို့တွင် စက်ရုံ အလုပ်ရုံလုပ်သားများ၊ မိသားစုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင်အား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm အား ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ မြို့မအားကစားကွင်း၊ မိုးလုံလေလုံ ကြက်တောင် အားကစားခန်းမဆေးထိုးစုရပ်၌ စက်ရုံအလုပ်ရုံများမှ လုပ်သားများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရွာသစ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများအား ကွင်းဆင်းဆောင်ရွက်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများအား ကွင်းဆင်း‌ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်နှင့် ဝမ်ဗလကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to