ကျိုင်းတောင်းမြို့ရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေး စတင်ထိုးနှံ

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက် ၁၂ နှစ်နှင့်အထက် ၁၈နှစ်အောက် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းအား ယနေ့နံနက် (၀၈:၀၀)နာရီအချိန်ခန့်က စတင်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၊ ကြက်မောက်တောင်ချောင်း ရေတိုက်စားမှုကြောင့် လက်ပံအိုင့် ကျေးရွာသို့ ပေးသည့် ဓာတ်တိုင်အောက်ခြေရေတိုက်စားသည့် နေရာအား မပြိုလဲရေး ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်နေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် လက်ပံအိုင့် ကျေးရွာသို့ ပို့လွှတ်သည့် ဓာတ်အားလိုင်းမှ ဓာတ်တိုင်များ အောက်တိုဘာ ၁၇ရက်နေ့၊ ညပိုင်းအချိန်က မိုးရွာသွန်းမှုများခဲ့ခြင်းကြောင့် ဓာတ်တိုင်အောက်ခြေ ကွန်ကရစ်သားများရေ တိုက်စားပြီး လဲပြိုကျနိုင်သည့် အန္တရာယ်အနေအထားကြောင့် အောက်တိုဘာ ၁၉ရက်နေ့ တွင်ထွန်စက်များ ငှားရမ်းပြီး ရေတိုက်စားသွားသည့်ချိုင့်အား ကိုယ်ထူကိုယ်ထ ပြန်လည်ဖို့နေကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို တတိယ အသုတ် (ပထမအကြိမ်) အဖြစ် စုရပ်(၆)နေရာတွင် ထိုးနှံပေးလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းကို တတိယအသုတ် (ပထမအကြိမ်) အဖြစ် စုရပ်(၆)နေရာတွင် ယမန်နေ့မှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

တံတားဦးမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်း ဓာတ်မြေဩဇာ သုံးစွဲမှုမှန်ကန်ရေးနှင့် ကြားပေါင်းလိုက်ခြင်း ကွင်းသရုပ်ပြဆောင်ရွက်

ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ် ၂၀၂၀−၂၀၂၁ ခုနှစ် မိုးစပါးမျိုးစေ့ထုတ် (RS to CS) ဧက (၂၀) ကို ဓာတ်မြေဩဇာသုံးစွဲမှုမှန်ကန်ရေးနှင့် ကြားပေါင်းလိုက် ကွင်းသရုပ်ပြခြင်းကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ပြူကန်ကျေးရွာ သူငယ်တော်အနောက်ကွင်း တောင်သူ ဦးမြအောင်၏ မနောသုခ မိုးစပါးစိုက်ဧက၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့အနီးရှိ ကျေးရွာများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှင့် ကာကွယ်ဆေး ထိုးနှံနိုင်ကြစေရေး စကောကရင်၊ မြန်မာဘာသာစကားတို့ ဖြင့် အသိပေး နှိုးဆော်မှုများ ဆောင်ရွက်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ ကိုဗစ် -၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံကြစေရေးအတွက် မြန်မာဘာသာအပြင် စကောကရင်ဘာ သာ​စကားတို့ဖြင့်ပါ အသိပညာပေး နှိုးဆော်မှုများအား လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၉ နာရီခွဲအချိန်က မြို့နှင့်နီးသည့် ကျေးရွာများသို့ သွားရောက်၍ လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် စတင်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အသက် ၅၅နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့် သူများနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား ဆေးထိုးစုရပ် အသီးသီး၌ တာဝန်ရှိသူများက ယနေ့နံနက်မှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham) အား ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to