ပန်းခင်းစီမံချက်လုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်

ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းပန်းခင်းစီမံချက်လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့ကြသည့် ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ရသေ့တောင်မြို့နယ်၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၉၆၅၈)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးစီး

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြား နိုင်ဖို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးကြပါစို့ ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ် အသီးသီးတွင် အောက်တိုဘာ ၁၇ ရက်နေ့မှ စ၍ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၇၆ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမှတ် (၁)၊ (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၇၆ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၂)အခြေခံပညာ အထက်တန်း ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သည်။

ကျိုင်းတုံမြို့နယ်တွင် အများပြည်သူအကျိုးငှာ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ပစ်ဖောက်ခြင်း မပြုလုပ်ရန် အသိပေးနှိုးဆော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် အများပြည်သူအကျိုးငှာ မီးရှူး၊ မီးပန်း၊ ဗျောက်အိုးများ၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ပစ်ဖောက်ခြင်း မပြုလုပ်ရန် အသိပေးနှိုးဆော်ခြင်း အောက်တိုဘာ ၁၈ ရက်က တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် စားသုံးဆီ တစ်ပိဿာ (၃၉၅၀)ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ တစ်အိမ်ထောင် (၂)ပိဿာနှုန်း ရောင်းချပေး

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စားသုံးဆီများကို ပြည်သူများ ဈေးနှုန်းချိုသာစွာ စားသုံးနိုင်ရန် အတွက် ယနေ့ နံနက်ပိုင်းတွင် မြိတ်တောင်ရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးရှေ့၌ မြိတ်ခရိုင် ဆီလုပ်ငန်းရှင် အသင်းမှ စားသုံးဆီ တစ်ပိဿာလျှင် (၃၉၅၀)ကျပ်ဖြင့် တစ်အိမ်ထောင် (၂)ပိဿာနှုန်း ရောင်းချပေး လျက်ရှိသည်။

ချောင်းဦးမြို့နယ်၌ မိုးစပါး တစ်ဧကတင်း (၁၀၀) အထက် ထွက်ရှိရေး ကွင်းဆင်းပညာပေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် မိုးစပါးတစ်ဧက တင်း(၁၀၀) အထက် ထွက်ရှိစေရေးအတွက် ကွင်းဆင်းပညာပေးခြင်းလုပ်ငန်းကို ရွာထင်ကျေးရွာ တောင်သူ ဦးကြိုင်၏ ကွင်းအမှတ် ၁၉၆၃/က တွင် ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်အတွင်း ယမန်နေ့အထိ အသက် (၁၂)နှစ် အထက် ကျောင်းသား/သူ ၁၄၀၃ ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီး

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း အသက် (၁၂) နှစ်နှင့် အထက် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း (၅) ကျောင်းတို့၌ ဆေးထိုးစုရပ်များ ပြုလုပ်ကာ ထိုးနှံပေးလျက်ရှိရာ အောက်တို ဘာလ(၁၇)ရက်နေ့နှင့် အောက်တို ဘာလ (၁၈)ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ကျောင်းသား၊ ကျောင်းသူ (၁၄၀၃)ဦးရှိ ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ရှမ်းပြည်နယ်အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ့ (၄) နာရီက ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြရန် အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး မဖြစ်မနေ ကာကွယ်ဆေး ထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီက ပွင့်ဖြူမြိုနယ် ကံဆွယ် ကျေးရွာနှင့် စေတကူကျေးရွာသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပခုက္ကူမြို့၌ သီတင်းကျွတ်ကာလအတွင်း မီးပုံးနှင့် ကလေးကစားစရာအရုပ်များ ဝယ်ယူသူများပြားလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်ကာလအတွင်း သီတင်းကျွတ်မီးပုံးနှင့် ကလေးကစားစရာ အရုပ်များ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
Subscribe to