တောင်ကြီး အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ့ (၄) နာရီက ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်း (၃၃၁)ဦးကို ယနေ့ ထောက်ပံ့ပေးအပ် သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သည် တာဝန်ထမ်းဆောင်လာသည်မှာ ဖေဖော်ဝါရီလ (၂)ရက်နေ့ မှစ၍ ယနေ့ အောက်တိုဘာလထိ (၈)လရှိပြီးဖြစ် ကြောင်း၊ ဖေဖော်ဝါရီလအတွင်း ဝန်ထမ်း(၃၆၄) ဦး ကို ဆန်၊ ဆီ၊ ဆား၊ ကြက် ဥများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း၊ မတ်လတွင်လည်း ဝန်ထမ်း (၃၁) ဦး ကို ဆန်၊ ဆီ ဆား၊ သကြား၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ဧပြီလတွင် ဝန်ထမ်း(၃၀၉) ဦးကို ငွေကျပ် (၁) သိန်းနှုန်းဖြင့် လည်းကောင်း၊ ဇွန်လတွင် (၃၂၃)ဦးကို ငွေသားကျ ပ် တစ်သောင်းခွဲနှုန်း၊ သကြား၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ကြက်ဥ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း၊ သြဂုတ်လတွင်လည်း ဝန်ထမ်း (၃၂၄) ဦးကိုလည်း ငွေ သား ကျပ်တစ်သောင်းခွဲနှုန်း၊ ကြက်ဥခရမ်းချဉ်သီး၊ အာလူး၊ ကြက်သွန်နီ၊ ယနေ့ သီတင်းကျွတ် လပြည့်နေ့ ဝါကျွတ်အခါသမယအတွက် ဝန်ထမ်းများကို ငွေကျပ်နှစ်သောင်းခွဲ၊ ကြက်သွန်နီ ကြက်ဥ၊ ခရမ်းချဉ်သီး၊ ခေါက်ဆွဲ၊ ကုလားပဲတို့ကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများကလည်း လုပ်ငန်းခွင်တွင် အေးချမ်း သာယာပျော်ရွှင်စွာ တာဝန်ထမ်းဆောင်နိုင်ရန် မိမိတို့အဖွဲ့မှ တတ်နိုင်သလောက် ပံ့ပိုးထောက်ပံ့ ပေးရခြင်းဖြစ်ကြောင်း ပြောကြား သည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရရုံးတွင် တာဝန်ထမ်းဆောင်နေသော အမှုထမ်း/အရာထမ်းများ တွဲဖက်ဝန်ထမ်းများကို ခရမ်းချဉ်၊ ကြက်သွန်နီ၊ ကြက်ဥ၊ ခေါက်ဆွဲ၊ ကုလားပဲ ထောက်ပံ့ ငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ပြည်နယ်ဝန်ကြီးများက အသီးသီးထောက်ပံ့ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မောင်မောင်သန်း (တောင်ကြီး)