နမ္မတူမြို့နယ်တွင် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၇၆ ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေး

နမ္မတူ အောက်တိုဘာ ၁

နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမှတ် (၁)၊ (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ ၁၇၆ ဦးအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ် (၂)အခြေခံပညာ အထက်တန်း ကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ် ပညာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လွှမ်းခြုံမှုမြင့်မားရေးအတွက် နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ် များဖြစ်သည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်းတွင် ပညာသင်ယူနေသော အသက် (၁၂)နှင့် (၁၈)နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများကို ကိုဗစ် ကာကွယ်ဆေး ထိုးနှံနိုင်ရေး ရည်ရွယ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ အောက်တိုဘာလ (၁၆)ရက်နေ့တွင် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူဦးရေ ၁၄၆ အားလည်းကောင်း၊ ယမန်နေ့တွင် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းရှိ ကျောင်းသား/ကျောင်းသူဦးရေ ၃၀ အားလည်းကောင်း၊ စုစုပေါင်းကျောင်းသား/ကျောင်းသူ ဦးရေ ၁၇၆ အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။

လူမော် (ပြန်/ဆက်