ကမာရွတ်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး (PFIZER  VACCINE) ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြိုနယ်အတွင်းရှိ ပြည်သူများကို ကိုဗစ်(PFIZER VASCCINE) ကာကွယ်ဆေးများထိုးနှံခြင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီက အမှတ်(၈)ရပ်ကွက်ရှိ  တရုတ်ဘုံကျောင်း၊ မြန်မာအသံနှင့်ရုပ်မြင်သံကြားဝင်းအတွင်းရှိ ဝန်ထမ်းများနှင့် (M Tour)ရှိ ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်၊‌ အထက်ဝိုင်းပါတ်ကျေးရွာ အ.လ.ကကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း အထက်ဝိုင်းပါတ်ကျောင်း၌ ကျင်းပသည်။

အမရပူရမြို့နယ်တွင် မိုးစပါး(ဧရာမင်း)စံကွက်ရိတ်သိမ်းပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် မိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယနေ့ နံနက်ပိုင်းက တောတွင်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၅၆၅)ကွင်း၊ ကွင်းအမည် တောတွင်ကွင်း ဦးပိုင်အမှတ် (၁၈/၂)၊ ဧရိယာ(၂.၅၀)ဧကရှိ တောင်သူ ဒေါ်ခင်မာထွေး လယ်မြေပေါ်တွင် စိုက်ပျိုးထားရှိသော မိုးစပါး (ဧရာမင်း) စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်။

ကျောင်းအခြေပြုတီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို မန္တလေးမြို့ပေါ် ၅ မြို့နယ်တွင် စတင်ဆောင်ရွက်

ကျောင်းအခြေပြု တီဘီရောဂါရှာဖွေခြင်းလုပ်ငန်းကို မန္တလေးမြို့ပေါ် ၅ မြို့နယ်တွင် စတင်ဆောင်ရွက်လျက်ရှိရာ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့နံနက်(၁၀) နာရီက စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီးမှ (၃၈)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာမေးပွဲကျင်းပ

ပဲခူးမြို့၊ ပရိယတ္တိသဒ္ဓမ္မရက္ခိတအသင်းကြီး၏ (၃၈)ကြိမ်မြောက် ကျင်းပပြုလုပ်အပ်သော "သာသနာလင်္ကာရအကျော် စာမေးပွဲကို ဒီဇင်ဘာလ (၁၅) ရက်နေ့မှစတင်၍ ပဲခူးမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည်။

ဝမ်းတွင်းမြို့နယ်၌ အခမ်းအနားမှူးသင်တန်းဖွင့်လှစ် သင်ကြားပေးလျက်ရှိ

အခမ်းအနားတစ်ခု အောင်မြင်စွာပြီးမြောက်စေရန်နှင့် အခမ်းအနားမှူးတာဝန်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊ အရည်အချင်းပြည့်ဝပြီး ကျွမ်းကျင်ပိုင်နိုင်သည့် အခမ်းအနားမှူးကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

တောင်ငူမြို့၌ E-cigarette and Vape များ ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ E- cigarette and Vape (စီးကရက်အတု) များရောင်းချမှုမရှိစေရေးစစ်ဆေးခြင်း၊ သတိပေးခြင်းနှင့် အသိပညာပေးခြင်းများကို ယမန်နေ့ နံနက်ပိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း၊ ကျောင်းအခြေပြုတီဘီရောဂါ ကွင်းဆင်းရှာဖွေခြင်းလုပ်ငန်းအစီအစဉ်အရ တီဘီရောဂါစစ်ဆေးရှာ‌ဖွေဖော်ထုတ်ခြင်းလုပ်ငန်းကို ယမန်နေ့က အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဥပဒေရေးရာ အသိပညာပေး သင်တန်းဖွင့်လှစ်

အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ဥပဒေရေးရာ အသိပညာပေး သင်တန်း(၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီက  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရန်ကင်းပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “ကျောင်း” သီချင်းဖြင့် စတင်ဖျော်ဖြေပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ကြိုဆိုနှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။
Subscribe to