ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းမ လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦး‌နေဝင်းအောင်နှင့် အဖွဲ့သည် ယမန်နေ့က မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ်လမ်းမ လမ်း၊ တံတားလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်၌မဲစာရင်းမှန်ကန်မှုရှိစေရေးdoor to door စနစ်ဖြင့် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များသို့ ဒုတိယအကြိမ်ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်စာရင်းမှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများမှ နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ဒီဇင်ဘာ ၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်း ဆောင်ရွက်နေကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး သိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆိုင်းဖယ်အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၊ အ.ထ.ကကျောင်း၌ ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာလ ကျောင်းတွင်းအားကစားပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်စ၍က အဆိုပါကျောင်းရှေ့စဝ်စံထွန်းလမ်းနှင့် တပ်နယ်ဘောလုံးအားကစားကွင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျွန်းလှမြိ့နယ်၌ မဲစာရင်းမှန်ကန်ပြည့်စုံစေရေး Door to Door တစ်အိမ်တက်ဆင်း မြေပြင် ကွင်းဆင်းကောက်ယူ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာရာ မဲဆန္ဒရှင်စာရင်းနှင့် မြေပြင်စာရင်းမှန်ကန်ပြည့်စုံစေရေးအတွက် Door to Door တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူလျက်ရှိသည်။

လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်‌နေ့မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။

ပင်လုံမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲမေးပိုင်ခွင့်ရှိသည့် ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ပင်လုံမြို့တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်၌ မိုးစပါးရိတ်သိမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ သမဝါယမကဏ္ဍမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးရိတ်သိမ်းမှု အခြေအနေကို ကျွန်းစုမြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က ကြည့်ရှုအားပေးသည်။
Subscribe to