မင်းတုန်း စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် ပွင့်လင်းရာသီရောက်ရှိလာတော့မည်ဖြစ်၍ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီခွဲတွင် အမှတ်(၃)ရပ်ကွက်ရှိ စံပြမောင်တည်းခိုခန်းအဆောက်အဦအား ဒုမီးသတ်ဦးစီးမှူး ဦးစိုးမင်းနိုင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် တည်ခိုးခန်းအဆောက်အဦရှိ မီးဘေးကြိုတင်ကာကွယ်ရေး ပစ္စည်းများဖြစ်သော မီးသတ်ဆေးဘူးများ၊ အရေးပေါ်အချက်ပေးစနစ်များ၊ အရေးပေါ်ထွက်ပေါက်စနစ်များ၊ ရေရရှိရေးစနစ်များ ကောင်းမွန်ခြင်း ရှိ/မရှိနှင့် မီးလောင်မှုဖြစ်ပွားပါက အသင့်အနေထားဖြစ်စေရေး စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)