မအူပင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မအူပင် စက်တင်ဘာ ၂၆

ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်  လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club)အသင်းတို့ပူးပေါင်း၍ စက်တင်ဘာလ(၂၄)ရက်နေ့မွန်းလွဲ ၂ နာရီက ဝန်ထမ်းစာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက ယခုလို (Book Club)အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး (Book Club)အသင်းနာယကဦးပိုက်နှင့် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ဦးမြင့်သိန်း (ခြင်ကျား)မှ ကိုဗစ်- ၁၉ ကာလဖြတ်သန်းခဲ့ရသော အတွေ့အကြုံများ၊ (Book Club)အဖွဲ့ဝင် ကျန်းမာရေးစောင့်ရှောက်ရန်နည်းလမ်းကောင်းများ၊ (Book Club)အဖွဲ့ဝင် ဦးစိုးမှ ကျန်းမာရေးစောင့်ရှောက်ရန် နည်းလမ်းကောင်းများ၊ ဦးခင်ဇော် (ခက်ဇော်ကဗျာ)မှ မေတ္တာထားခြင်းအပြုံးများကဗျာနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာထွေးက ကိုယ်တိုင်ရေးစပ်ထားသည့် သို့... လောကဓံ ကဗျာအား ဖတ်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)