ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်ပုံတူဆွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်ပုံတူဆွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမ၌ကျင်းပသည်။

ကန်ကြီးထောင့်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ နံရံကပ်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲအား ယနေ့နံနက်က လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်၊ ကွင်းအမှတ်(၅၆၈) မယ်တော်စုကွင်း၊ ဦးပိုင်အမှတ်(၆၈/၁)၌ ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ် အ-ထ-က(ခွဲ)ရွာကြီး၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး လူအများရှေ့ စကားပြောဆိုရာတွင် ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ရွာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ပိတောက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဖြူးမြို့နယ်၌ အခြေခံပညာမူလတန်းကျောင်းများတွင် ကလေးတီဘီရောဂါအကြောင်း အသိပညာပေးခြင်းနှင့် စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ကလေးငယ်များ ကလေးတီဘီရောဂါကင်းရှင်းရေးအတွက် အခြေခံပညာကျောင်းများတွင် ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တီဘီရောဂါတိုက်ဖျက်ရေးအဖွဲ့မှ စတင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့မ(၂) အလယ်တန်းကျောင်းခွဲနှင့် စာရေးလမ်းကျောင်းမူလတန်းလွန်တို့တွင် ကလေးတီဘီရောဂါအကြောင်း အသိပညာပေးစစ်ဆေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၌ ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Pfizer ထိုးနှံ‌ပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်ရည်ရွယ်၍ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၁၀)နာရီက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Germany နိုင်ငံထုတ် Pfizer ကာကွယ်ဆေးများကို အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သတ်မှတ်ထားသည့် နေရာအသီးသီးတို့တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်၌ အသိပညာဗဟုသုတရရှိစေရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတ စဉ်ဆက်မပြတ် တိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၁၁) နာရီက ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက်၊ အ.မ.က(၄)ကျောင်းသို့ သုတ/ရသ စာအုပ်စာစောင် မျိုးစုံယူဆောင်၍ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် မအူပင်ဆိပ်ကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)၏စီစဥ်မှုဖြင့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြသည်။

ပူတာအိုခရိုင်၌ ရုံးစာရေးသားနည်းသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများကို နားလည်သိရှိ၍ ထိရောက်မှန်ကန်မြန်ဆန်စွာ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရုံးစာရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
Subscribe to