(၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ ဆောင်ရွက်

မူဆယ် စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က (၁၉)ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစန္ဒာကြည်က ခွေးရူးရောဂါဆိုသည်မှာ၊ ခွေးရူးရောဂါကူးစပ်ခံရနိုင်သည့် နည်းလမ်းများ၊ ခွေးရူးရောဂါကူးစပ်မှုအန္တရာယ်ရှိသောသူများ၊ ခွေးရူးရောဂါလက္ခဏာများ၊ ခွေးရူးပြန်ရောဂါဖြစ်စေရန် ကာကွယ်ရမည့်နည်းလမ်းများ၊ ခွေးရူးရောဂါကာကွယ်ဆေး မဖြစ်မနေထိုးရမည့်အခြေအနေ စသည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများကို ခွေးရူးရောဂါအကြောင်း သိကောင်းစရာများပါဝင်သည့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ချယ်ရီမြေ(မူဆယ်)