မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စီးပွားရေးဆိုင်ရာဟောပြောပွဲနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

မွန်ပြည်နယ်၊ မွန်လုပ်ငန်းရှင်များအသင်းမှ စီစဉ်ကျင်းပသည့် ပထမအကြိမ် စီးပွားရေးဆိုင်ရာဟောပြောပွဲနှင့် ကုန်စည်ပြပွဲ၊ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ STRAND HOTEL ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ မွန်ပြည်နယ်၊ မွန်လုပ်ငန်းရှင်များအသင်း တာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသား စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ပေါင်မြို့နယ်၌ ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲဆင်နွှဲ

မွန်ပြည်နယ်၊ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လူထုအားကစားလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်လမ်းလျှောက်ခဲ့သည်။

မော်လမြိုင်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက် ကောက်ယူခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြိုင်သီရိရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် ဇီဝဆိုင်ရာအချက်အလက်ကောက်ယူ ၍ (UID) နံပါတ်ထုတ်ပေးခြင်းအား မြောက်ဘက်ကွင်း ဘုန်းတော်ကြီးကျောင်း၌  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအားကစားလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၆ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့ စုရပ်မှစတင်ကာ ခရိုင်ပြည်သူ့အားကစားကွင်းထိ တပျော် တပါးစုပေါင်းလမ်းလျှောက်ခဲ့ကြသည်။

ပေါင်းတည်၌ ဓမ္မစကူးလ်ပေါင်းစုံ စုံညီပွဲတော်ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက ဓမ္မစကူးလ်ပေါင်းစုံ စုံညီပွဲတော်ကို ပေါင်းတည်ဘိုးဘွားရိပ်သာခန်းမဆောင်တွင် စုပေါင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်လျင်ခရိုင် ဒီဇင်ဘာလူထုအားကစားလ (စတုတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

သန်လျင်ခရိုင် ဒီဇင်ဘာလူထုအားကစားလ စတုတ္တပတ်စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲတွင် စုရပ်ဖြစ်သော ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ခဲ့ကြောင်း သိရသည်။

တွံတေးမြို့နယ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း အမှတ်စဥ်(၂/၂၀၂၄) ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ တွံတေးမြို့နယ်ကြက်ခြေနီအသင်း(ခွဲ)နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံသင်တန်းအမှတ်စဥ်(၂/၂၀၂၄)ကို ယမန်နေ့နံနက် ၉ နာရီအချိန်ကအ.ထ.က(၂)မြို့မတွံတေး၊ ပညာရတနာခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်၌ ဒီဇင်ဘာအားကစားလ (စတုတ္ထပတ်) လူထုလမ်းလျှောက်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ(စတုတ္ထပတ်) လူထုလမ်းလျှောက်ပွဲကို ယ‌မန်နေ့နံနက် ၅ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်တန်းမြို့နယ်၌  ဒီဇင်ဘာအားကစားလ စတုတ္ထပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကျင်းပ

“စောစောအိပ်လို့၊ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ ” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာ လူထုအားကစားလ စုပေါင်းလမ်း လျှောက်ပွဲကို(စတုတ္ထပတ်)အဖြစ် ယမန်နေ့နံနက်ပိုင်းက ကျောက်တန်းမြို့နယ်တွင် ကျင်းပရာ မြို့နယ်နေပြည်သူများ ပျော်ရွှင်စွာ ပါဝင်စုပေါင်းဆင်နွှဲခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေမှုအခြေအနေအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ  ကွင်းဆင်းကြည့်ရှုရာ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာ‌ဌေးထိုက်က ကြို့ကုန်းကျေးရွာတွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်သော နွားများအား နွားမွေးတောင်သူများထံ လွှဲပြောင်းပေးအပ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
Subscribe to