ညောင်ဦးမြို့ ရွှေစည်းခုံစေတီတော် ဘုရားအနေကဇာတင်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ဒေသအတွင်းရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီး ဗုဒ္ဓဘိသေကဘုရားအနေကဇာတင်လှူပူဇော်ခြင်းနှင့် သင်ပုတ်ပလ္လင်ပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားကို စက်တင်ဘာ ၂၆ ရက်၊ နံနက် ၉ နာရီက ရွှေစည်းခုံဘုရားကြီး အနောက်တောင်ထောင့်ရှိ အင်္ဂါထောင့် တန်းဆောင်းတော်တွင်ကျင်းပခဲ့သည်။