လသာမြို့နယ်၌ ဆုံဆို့မေးခိုင် (DT) ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်း ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၂၆

ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၄ ရက် နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ဆရာ/ဆရာမများနှင့်ပူးပေါင်း၍ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ အသက်(၉)နှစ်ပြည့်ပြီး (၁၀)နှစ်မကျော်သော ကျောင်းသူ (၃၉) ဦးအား ဆုံဆို့မေးခိုင်ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး (၃၁-၈-၂၀၁၆)မှ (၁-၉-၂၀၁၅) အတွင်း မွေးဖွားသော ကျောင်းသူ (၇၆) ဦးအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

နေလင်း (ပြန်/ဆက်)