ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦး ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များအား တွေ့ဆုံ

ကွန်ဟိန်း စက်တင်ဘာ ၂၆

၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း) တာဝန်ခံနှင့် အဖွဲ့ဝင်တို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲကြောင်း သိရသည်။

ရှေ့ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦးက ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်များ၏ အားသာချက်များ၊ မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်စေရေးဆောင်ရွက်ထားရှိရန် ကိစ္စရပ်များ၊ ဆန္ဒမဲပေးပိုင်ခွင်ရှိသူအားလုံး မဲပေးခွင့်ရှိစေရေးနှင့် ကြိုတင်မဲပေးခြင်းလုပ်ငန်းများ၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်းမှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြာပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးသိန်းနိုင်မှ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဥ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များက ရွေးကောက်ပွဲကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)