တောင်တွင်းကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး ပြိုင်ပွဲ ကျင်းပ တောင်တွင်းကြီး ဒီဇင်ဘာ ၂ အေးမိုးမိုးမြင့်

ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၁၂/၂ဝ၂၅) ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ (၁၂/၂ဝ၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာအသိပညာပေး Talk Show ကျင်းပ

ဂန့်ဂေါမြို့ လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူရေးရာအသိပညာပေး Talk Show ကျင်းပ ဂန့်ဂေါ ဒီဇင်ဘာ ၂ မြို့နယ်(ပြန်/ဆက်)

မိတ္ထီလာမြို့၌ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များဖြန့်ဝေ

မိတ္ထီလာမြို့၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူအားလုံးပါဝင်၍ ဆန္ဒမဲပေးနိုင်ရေးအသိပညာပေးနှိုးဆော်သည့် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂ ရက်နေ့နံနက် ၉ နာရီက မြို့နယ်စည်သာယာရေးအဖွဲ့၏မြို့မဈေးကြီးအနီးတွင် ဈေးရောင်းဈေးဝယ်လာသူများနှင့် ဒေသခံပြည်သူများသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ချမ်းအေးသာစံမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် Door- to-door မြေပြင်ကွင်းဆင်းစစ်ဆေး

ဒုတိယအကြိမ်မဲစာရင်းများအပေါ် Door-to-door မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ သက်ဆိုင်ရာတာဝန်ရှိသူများက ဒီဇင်ဘာ ၂ ရက်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး ပျဉ်းမနားမြို့နယ်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်နေမှုအား ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ တစ်အိမ်တက်ဆင်း Door to Door စနစ်ဖြင့် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်း ကွင်းဆင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးကြသည်။

ပလောက်မြို့၌ ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်၊ ပလောက်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ပြည်သူတိုင်း ပါဝင်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာလ ၁ ရက်နေ့က လူစည်ကားရာနေရာများ၌ အခမဲ့ ဖြန့်ဝေသည်။

လားရှိုးမြို့တွင် “ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရန် ရည်ရွယ်၍ “ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်ကို ယမန်နေ့က လူစည်ကားရာ‌ နေရာဖြစ်သောကားဂိတ်နှင့် မြို့မဈေးတို့တွင် သွားရောက်ဖြန့်ဝေခဲ့သည်။

မကွေးမြို့တွင် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး လက်ကမ်းစာစောင်များအား ဖြန့်ဝေ

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် မကွေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့၏  ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား မကွေးမြို့တွင် တက္ကသိုလ်၊ ကောလိပ်များ၌ ယနေ့နံနက်ပိုင်းမှစတင်၍ ဖြန့်ဝေလျက်ရှိသည်။
Subscribe to