အ.ထ.က(နတ်စင်ကုန်း)ကျောင်း၌ စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲ ကျင်းပ
ပြန်ကြားရေးနှင့်ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် နတ်စင်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(နတ်စင်ကုန်း)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။