ဒေသ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ဖာလာများရောင်းချချိန် စျေးနှုန်းမြင့်တက်ရရှိရန် မျှော်လင့်လက်ရှိ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသတွင် နေထိုင်သော ဒေသခံပြည်သူများမှာ အဓိကစီးပွားရေးလုပ်ငန်းအဖြစ် ဖာလာပင်စိုက်ပျိုးခြင်းလုပ်ငန်းကို လုပ်ကိုင်ကြပြီး ဖာလာသီးများ ဆွတ်ခူးရောင်းချချိန် စျေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

ညောင်ဦးခရိုင်၌ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ ပေါ်ထွန်းဖြစ်ပေါ်လာရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ(Clean and Schools) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ခရိုင်အဆင့်လုပ်ငန်းအဖွဲ့က စက်တင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ  ကွင်းဆင်းစစ်ဆေးအကြံပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မိုင်းခတ်မြို့နယ် အားခေဝမ်ကောင်းကျေးရွာ၌ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် စစ်ဗျူဟာအဖွဲ့(အခြေချ)မိုင်းခတ်၊ စစ်ဗျူဟာမှူးဦးစီး၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သည့် နယ်လှည့်ဆေးကုသရေးအဖွဲ့သည် သွားလာရန်ခက်ခဲဝေးလံသော မိုင်းကာ‌ကျေးရွာအုပ်စု၊ အားခေဝမ်ကောင်းကျေးရွာတွင် ယမန်နေ့နံနက် ၉ နာရီမှစတင်၍ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းသွားလာလျက်ရှိသည့် ပြည်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေး၍ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေ

လားရှိုးမြို့တွင် အမှတ် (၂၀) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး(ရှမ်းမြောက်)နှင့် အမှတ် (၁၂၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(လားရှိုး)တို့ပူးပေါင်း၍ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ပေးဝေခြင်းနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးခြင်းအခမ်းအနားကို ယမန်နေ့က အမှတ်(၂၀)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံး‌ရှေ့ရှိ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျင်းပခဲ့သည်။

မင်းဘူးမြို့၌ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ စုပေါင်းမဟာဘုံကထိန် ပွဲတော်ကျင်းပရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉)နာရီခွဲက ရှမ်းပြည်နယ်တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်ရှိ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းကစတင်၍ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ယမန်နေ့ ည ( ၁၀)နာရီအချိန် ဆည်ရေတိုင်းထွာချက်အရ စွန်ဆည်နှင့် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

တပ်ကုန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ပန်းချီ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Golden Future ကိုယ်ပိုင်မူလတန်းကျောင်းတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး ပန်းချီ၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်လေးဆူ ဟဲယာရွာမကျေးရွာမှ ငါးဖယ်ချောင်းဌာနသို့ ဆက်လက်ကြွချီပူဇော်ခံ

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်လေးဆူသည် ယမန်နေ့နံနက် ၇ နာရီတွင် အင်းလေးဒေသ ဟဲယာရွာမဌာန စံကျောင်းတော်မှ ငါးဖယ်ချောင်းကျေးရွာ စံကျောင်းတော်သို့ ဆက်လက်ကြွချီပူဇော်ခံလျက်ရှိကြောင်း သိရသည်။

ရပ်စောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ ငှါးရမ်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှါးရမ်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ် ၂ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to