ကျိုင်းလွန်းကျေးရွာအုပ်စုအတွင်း ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ကျိုးလွန်းကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက ယမန်နေ့ နံနက်(၁၀)နာရီမှ ညနေ (၄)နာရီခွဲ အချိန်အထိ နိုင်ငံသား စိစစ်ဆေးရေး ကတ်ပြား မရှိသေးသည့် ပြည်သူများအတွက် နမ့်ပါမန်းကျေးရွာ၊ ဓမ္မာရုံ၌ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်၍ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် ပညာရေး ကောလိပ်နှင့်(၁၀)မြို့နယ်ဆောင်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှ တစ်ဆင့် ဝင်ရောက်လာသောနေရပ်ပြန်ကျား(၇၃)ဦးနှင့်မ(၆၅)ဦး စုစုပေါင်း(၁၃၈)ဦး ရောက်ရှိလာရာ တာဝန်ရှိ သူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင် များသို့ နေရာချထား ပေးကြောင်း သိရသည်။

လောက်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ စပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဖိုးနှင့် စိုက်ပျိုးပြုစုစရိတ် ပထမအကြိမ် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ် ဆင့်ကိုင်ကျေးရွာတွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် COVID-19 Economic Relief Plan (CERP)အရ စပါးမျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့ဘိုးနှင့် စိုက်ပျိုးပြုစုစရိတ် ပထမ အကြိမ် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက် က ဆင့်ကိုင်ကျေးရွာ မူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်သည်။

ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပရာ၌ အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ဟိုပုံးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ဟိုပုံးမြို့နယ်၊ ကျောက်တန်းကျေးရွာအုပ်စု၌ ယမန်နေ့နံနက် ၉ နာရီ အချိန်က နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ငါန်းဇွန်မြို့နယ်အတွင်းရှိ ဆည်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်ရှိ ဆည်များအတွင်း ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများ ငါးရိက္ခာဖူလုံစွာစားသုံးနိုင်ရန်နှင့် ငါးမျိုးပြုန်းတီးမှုမရှိစေရန်ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ခြင်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို မြို့သာဆည်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကျိုင်းလပ်မြို့တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း စိစစ်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့အတွင်း ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် မဲပေးမည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရေးအတွက် ဌာနဆိုင်ရာများစုပေါင်း၍ အုပ်စုဖွဲ့ကာ မဲစာရင်းနှင့် မဲဆန္ဒရှင်စာရင်း တစ်အိမ်တက်ဆင်း စိစစ်ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က ကျိုင်းလပ်မြို့ပေါ်နှင့် ကျေးရွာအုပ်စု ၃ အုပ်စု၌ စတင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မန္တလေး လူငယ်သင်တန်းကျောင်းတွင် စိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေး လူငယ်သင်တန်းကျောင်းတွင် စိတ်ဓာတ်ခွန်အားမြှင့်တင်နိုင်ရေးအတွက် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက် (၅၂)၊ ၁၂ လမ်းနှင့် ၇၃ လမ်းထောင့်ရှိ အဆိုပါလူငယ်သင်တန်းကျောင်း၌ ကျင်းပသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၆)ဦး အား လားရှိုးမြို့မှတစ်ဆင့် သက်ဆိုင်ရာဒေသများသို့ ထပ်မံပို့ဆောင်

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန် ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ်ဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေလ(၆)ရက်နေ့မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးလျက် ရှိပါသည်။

ကျောက်ပန်းတောင်းမြို့နယ်ရှိ အသက် (၁၈) နှစ်ပြည့်ပြီးသည့်နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးနေမှုအခြေအနေကို မြို့နယ်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူနိုင်ငံသားတိုင်း ၂၀၂၀ပြည့် နှစ်တွင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ ရပ်ကွက် များအတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးနေမှုကို၊ ယမန်နေ့နံနက် (၁၀) နာရီ က မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to