ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် လူကုန်ကူးမှုအန္တရာယ် ပူးပေါင်းကာကွယ် အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ထားသဖြင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန်၊ လူကုန်ကူးခံရမှု ပုံစံအမျိုးမျိုးမှ ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားမြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၌ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားအုန်းဆီစျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့နံနက်ပိုင်းက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကြီးပွားအောင်မြင်၊ အောင်ပန်းကိုဆင်စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ

စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀:၀၀နာရီက စာပေချစ်သူများနှင့် စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းကိုဆင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်ထားရှိသည့် အိမ်တွင်းမှုကျောင်း (ပုသိမ်)တွင် သင်တန်းသားအသစ်များ ခေါ်ယူ

ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော စက်ချုပ်သင်တန်းနှင့် မုန့်လုပ်နည်းသင်တန်းကို စက်တင်ဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘားအံမြို့၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်များ၊ စာအုပ်စာပေဖတ်ရှုသည့် အလေ့အထကောင်းများပေါ်ပေါက်လာစေရန်နှင့် အားလပ်ချိန်များတွင် စာအုပ်စာပေများ လေ့လာဖတ်ရှုနိုင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ ရွေ့လျားစာကြည့်တိုက် (Mobile Library) မော်တော်ယာဉ်ဖြင့် အခြေခံပညာကျောင်းများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များရှိ စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းတွင် အ-ထ-က(၁)၊ ပြည်နယ်စက်မှုကြီးကြပ်ဦးစီးဌာန၊ ပြည်နယ်စီမံကိန်းဦးစီးဌာန၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးများသို့ စာအုပ်စာစောင်များ (၂၄၃)အုပ်အား အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

ကျိုက်လတ်၌ အမျိုးသမီးအကြမ်းဖက်မှုအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၁)နာရီ က အမျိုးသမီးအကြမ်းဖက်မှု အန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးဌာန၏ ငွေလုံးငွေရင်းတည်ဆောက်ရေးလုပ်ငန်းများ အတည်ပြုလျာထားရေးဆွဲနိုင်ရေးရှင်းလင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်နယ်စည်ပင်သာယာရေးဌာန ငွေလုံးငွေရင်းတည် ဆောက်ရေးလုပ်ငန်းများ အတည်ပြုလျာထားရေးဆွဲနိုင်ရေး လုပ်ငန်းအခြေအနေများ ရှင်းလင်းခြင်းအခမ်းအနားကို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံစားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖလားခရိုင်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့တွင် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ ပန်မကြူကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to