မိုင်းယောင်း ဩဂုတ် ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ယနေ့တွင် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု၊ ပန်မကြူကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် သောက်သုံးရေ၊ အားကစား၊ ကျန်းမာရေး၊ စနစ်တကျ အမှိုက်စွန့်ပစ်ရေးနှင့် မီးရရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း