ဗိုလ်တထောင်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ရန်ကုန်အရှေပိုင်းခရိုင်၊ဗိုလ်တထောင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် ယနေ့နံနက် (၁၁)နာရီက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့တွင် ကျောင်းကျန်းမာရေး လှုပ်ရှားမှု အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ကျောင်းကျန်းမာရေး လှုပ်ရှားမှုအနေဖြင့် ပညာရေးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး စစ်ဆေးခြင်းများကို ယနေ့နံနက် ၁၀ နာရီ ကဆောင်ရွက်ခဲ့သည်။

ဖားဆောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ပုံမှန်ထုတ်ပေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ယနေ့နံနက် (၉)နာရီတွင် ဆက်လက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီ က မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး (Talk Show) ဆောင်ရွက်ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးများအား ရာနှုန်းပြည့်ပြီးစီးရေး ဆက်လက်ထိုးနှံ

ရန်ကင်းမြို့နယ်တွင် အမှတ် (၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်း၊ မိုးကောင်းဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် Sinopharm/Sinovac ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီး (၆)လပြည့်ပြီးသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး Booster(Sinovac) ကာကွယ် ဆေးကို ယမန်နေ့နံနက် (၀၉:၀၀)နာရီအချိန် က ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့ အနော်ရထာနှစ်လမ်းသွားလမ်းမကြီးပေါ်တွင် ကုက္ကိုကိုင်းကျိုးကျ၍ လမ်းပိတ်နေခြင်းအား မီးသတ်တပ်ဖွဲ့ဝင်များရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် အမှတ်(၇)၊ ဝက်ကြီးအင်းရပ်ရှိ အနော်ရထာနှစ်လမ်းသွားလမ်းမကြီးပေါ်တွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က ကုက္ကိုကိုင်းကျိုးကျ၍ လမ်းပိတ်နေခြင်းအား ညောင်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမှတ်(၅) အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဦးစီးအရာရှိထံက သိရသည်။

သာကေတမြို့နယ်၌ တိုင်းရင်းဆေးပညာ သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ”တိုင်းရင်းဆေးပညာသိကောင်းစရာ” အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀:၀၀) အချိန်က ဆောင်ရွက်ခဲ့သည်။
Subscribe to