မှော်ဘီမြို့နယ် အမောက်ဝဲကျေးရွာတွင် Mobile Payment အသုံးပြု၍ ချေးငွေထုတ်ပေးခြင်း စတင်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစ်ကျိုး ကျေးရွာအုပ်စု၊ အမောက်ဝဲကျေးရွာတွင် Mo Money Mobile Payment အသုံးပြု၍ ချေးငွေထုတ်ယူခြင်း အစီအစဉ်ကို ဩဂုတ်လ(၂၃)ရက်နေ့က အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပဲခူးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် စာဖတ်ဝိုင်း ကျင်းပ

ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားထားသည့် “ ကိုယ့်ကိုယ်ကိုယုံကြည်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

မိုးညှင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီခွဲက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပသည်။

ဇီးကုန်းမြို့နယ်တွင် ပဲတီစိမ်းစိုက်တောင်သူများအား နိုင်ငံတော်ပံ့ပိုးငွေ Contract Farming (CF) စနစ်ဖြင့် စိုက်ပျိုးမည့်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် လယ်ယာကဏ္ဍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု မြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်ရေး၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံပိုလျှံစေရေးတို့အတွက် ပဲတီစိမ်းစိုက်တောင်သူများအား နိုင်ငံတော်ပံ့ပိုးငွေ Contract Farming (CF) စနစ်ဖြင့် စိုက်ပျိုးမည့်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လွိုင်ကော်မြို့၌ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေး ရက်တိုသင်တန်းဖွင့်လှစ်

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ အမှတ်(၄) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု၊ လွိုင်ကော်မှ ရပ်ရွာအခြေပြု လူကုန်ကူးမှုစိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များအား လူကုန်ကူးမှုစိစစ်ဖော်ထုတ်ခြင်း ရက်တိုသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

မင်းလှမြို့၌ ဌာနဆိုင်ရာနှင့် ပရဟိတအသင်းများ ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အားကစားကွင်းရှိ ဘက်စုံသုံးအာကစားခန်းမ၌ ၂၀၂၂-ခုနှစ်၊ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီမှ ကျင်းပသော ဌာနဆိုင်ရာနှင့် ပရဟိတအသင်းများ ချစ်ကြည်ရေး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့ ခေတ္တရာမြို့သစ်ရပ်ကွက်၌ အခြေခံလူတန်းစားများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါလျှက် ယနေ့နံနက်ပိုင်း က ပြည်မြို့ခေတ္တရာမြို့သစ်ရပ်ကွက်၌ ပြည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ အခြေခံလူတန်းစားများအတွက် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများရောင်းချပေးနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံစားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖလားခရိုင်ပေါင်းစုံ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းသည့် အလှူငွေနှင့် ဆွမ်းဆန်တော်များ ပုလဲရတနာဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ဆက်ကပ်လှူဒါန်း

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ လှူဒါန်းသည့် အလှူငွေနှင့် ဆွမ်းဆန်တော်များ    ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက သံတွဲမြို့နယ်၊ ငပလီမြို့ ပုလဲရတနာပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်သည်။

မိုးနဲမြို့၌ ရေခဲသေတ္တာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နောင်ကျော့ရပ်ကွက်၊ ပြည်ထောင်စုလမ်းနှင့် နှင်းဆီလမ်းထောင့် လူမနေသောအိမ်၌ ယနေ့နံနက် ၄ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to