ပုသိမ် သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးကာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော စက်ချုပ်သင်တန်းနှင့် မုန့်လုပ်နည်းသင်တန်းကို စက်တင်ဘာလ ၅ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ရာ သင်တန်းသားများ ခေါ်ယူလျက်ရှိကြောင်း သိရသည်။
အမျိုးသား၊ အမျိုးသမီး အိမ်တွင်းလက်မှုလုပ်ငန်းများဖြစ်သော မိန်းမဝတ်(လက်မ) အခြေခံနှင့် အဆင့်မြင့်၊ မိန်းမဝတ် (စင်တီ) အခြေခံ/အဆင့်မြင့်၊ ကျားရှပ်၊ စတိုင်ဘောင်းဘီ၊ မော်တာစက်နင်း သင်တန်း၊ ထိုင်းစင်တီ ဒီဇိုင်နာသင်တန်း၊ လက်မ(အထူး/ဒီဇိုင်နာ)သင်တန်း၊ ကလေးဝတ်သင်တန်း၊ မုန့်မျိုးစုံသင်တန်း စသည့်ဘာသာရပ်များကို သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တလခွဲကြာမြင့်မည်ဖြစ်သည်။ သင်တန်းတက်ရောက်ရန် စိတ်ပါဝင်စားသူများ အနေဖြင့် ပုသိမ်မြို့၊ အမှတ် ၂ ရပ်ကွက်၊ မင်းကြီးလမ်းရှိ အိမ်တွင်းမှု သင်တန်းကျောင်းတွင် လာရောက်စာရင်းပေးသွင်း တက်ရောက်နိုင်ကြောင်း သတင်းရရှိသည်။
မြင့်ဟန်