သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ရှိသူများနှင့် လှိုင်းတက်ကျေးရွာအုပ်စု ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေး

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် လှိုင်းတက်ကျေးရွာအုပ်စု ဒေသခံပြည်သူများ ယမန်နေ့က အဆိုပါကျေးရွာရှိ ရွှေဘုံသာဓမ္မာရုံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျုံပျော်ခရိုင် ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ

ကျေးရွာများ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ကျုံပျော်ခရိုင်ရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို အဆိုပါရုံး တည်ရှိရာ တေဇရပ်ကွက်၊ သောင်ရွာလမ်း၌ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

ရပ်စောက်မြို့နယ် လွယ်ကိုးကျေးရွာအုပ်စု၌ နယ်လှည့်ဆေးကုသမှုပေးခြင်းနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ လွယ်ကိုးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသမှုပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက ပါပန်းကျေးရွာ ဘုန်းကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဒေးဒရဲမြို့နယ်တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့အဖြစ် သတ်မှတ်ကြောင်း အသိပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးကော်မတီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း နိုင်ရေးနှင့် ပြည်သူများ တစ်ခါသုံးပလတ် စတစ်အိတ်များ လျော့နည်း သုံးစွဲစေရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ်ဖြင့် စျေးမရောင်းရနေ့အဖြစ် သတ်မှတ်ကြောင်း အသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနက မိုင်းဖြတ်မြို့နယ်၊ ဝမ်​ဟွေဘုန်း​တော်ကြီး​ကျောင်းသို့ ဆွမ်းဆန်၊ ဆီနှင့်ပဲများဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ

၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုငွေထုတ်ပေးခြင်း အခမ်းအနားကျင်းပ

အလုပ်သမား၀န်ကြီးဌာန မြို့နယ်လူမှုဖူလုံရေးရုံး မော်လမြိုင်မြို့မှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များ ခွင့်ပြုငွေထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် လူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

လဲချားမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း မှန်ကန်မှုရှိစေရန် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က အမှတ်(၃)ရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက Mobile စနစ်ဖြင့် စာအုပ်၊ စာစောင်များလှည့်လည်ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် Mobile စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဆီဆိုင်မြို့နယ်တွင် ထောပတ်သီးနှံစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)နည်း ပညာပေးသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ ကြီးမှူး၍ ထောပတ်သီးနှံ

ဖျာပုံမြို့နယ်အမှတ် (၁၅)ရပ်ကွက်ရှိ လက်လုပ်လက်စား အိမ်ထောင်စုတစ်စုလျှင် အချွန်ဆန် (၂)ပြည်နှုန်းဖြင့် အိမ်ထောင်စု(၄၀၀)အား ထောက်ပံ့လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အမှတ် (၁၅)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးမျိုးဆန်းဦး၊ ရပ်မိရပ်ဖများနှင့် အလှူရှင်များ စုပေါင်း၍ ရပ်ကွက် အတွင်းရှိ လက်လုပ်လက်စားပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်၍ အိမ်ထောင်စု တစ်စုလျှင် အချွန်ဆန်(၂)ပြည်နှုန်းဖြင့် အိမ်ထောင်စု (၄၀၀)စုအား ယမန်နေ့ ညနေပိုင်း အချိန်က အဆိုပါ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်လှူဒါန်းကြသည်။
Subscribe to