မရမ်းကုန်း သြဂုတ် ၂၄
စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀:၀၀နာရီက စာပေချစ်သူများနှင့် စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် ကြီးပွားအောင်မြင်အောင်ပန်းကိုဆင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စာပေချစ်သူ ဦးနိုင်ဝင်း က ဦးဆောင်၍ လူတိုင်းမှာ စွမ်းအားများ၊ စွမ်းရည်များ၊ လုပ်နိုင်ကိုင်နိုင်သည့် အင်အားများရှိကြောင်း၊ စာဖတ်ခြင်းကြောင့် အမှန်တကယ်အကျိုးရှိပြီး စာတစ်ပုဒ်ဖတ်ပြီးတိုင်း မှတ်သားစရာများကို ဦးနှောက်ထဲထည့်ပါ၊ နှလုံးသားထဲမှာသိမ်းဆည်းပါ၊ စာကို ၁၅မိနစ်ဖတ်ပြီးပါက ၄၅ မိနစ်စဉ်းစားပါအစရှိသဖြင့် ကြီးပွားအောင်မြင် အောင်ပန်းဆင်နိုင်ရေး စာပေလေ့လာဖတ်ရှု့ပြီး အသိအလိမ္မာဖြင့် ကျော်စောခြင်းများ ရရှိမည်ဖြစ်ကြောင်းအစရှိသည်ဖြင့် ဖတ်ရှုဆွေးနွေးပြီး တက်ရောက် လာသူစာပေချစ်သူများမှ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)