တံတား ဩဂုတ် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၌ နိုင်ငံ့တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား စားအုန်းဆီစျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့နံနက်ပိုင်းက လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံဆီကုန်သည်ကြီးများနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ရုံးဝန်ထမ်းများအတွက် ဈေးနှုန်းသက်သာစွာဝယ်ယူစားသုံးနိုင်ရန် စားအုန်းဆီ တစ်ပိဿာလျှင် ၅၀၀၀/- ကျပ်နှုန်းဖြင့် ရုံးဝန်ထမ်းတစ်ဦးလျှင် တစ်ပိဿာစီ လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုးဖြူလွင်(တံတား)