တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊‌ တောင်ဥက္ကလာပမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့်နှင့် Booster ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၆)ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၌ ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ် ကွန်တိန်နာဝန်းအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြော

ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်း ကွန်တိန်နာဝန်းတွင် ယမန်နေ့နံနက် (၁၀) နာရီခွဲက အမှတ် (၃၃) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူး ဒုရဲမှူးဆန်းညွှန့်ဦး ဦးဆောင်၍ ကွန်တိန်နာကြီးကြပ်သူ ဂိတ်မှူး၊ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၊ချောင်းလမုရွာ-အထက်တန်းကျောင်း(ခွဲ)အဆင့်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွင်း ချောင်းလမု ကျေးရွာအုပ်စု-ချောင်းလမုကျေးရွာရှိ ယခင်အခြေခံပညာအလယ်တန်းကျောင်းမှ အထက်တန်းကျောင်း(ခွဲ)အဆင့်သို့ အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အဆိုပါကျောင်း အတွင်း၌ကျင်းပပြုလုပ်ရာအခမ်းအနားသို့ ချောင်းလမုရွာ ဓမ္မရက္ခိတကျောင်းတိုက်ဦးစီးပဓာနဆရာ တော် ဘဒ္ဒန္တသုမန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန့်နိုင်ဝင်း၊ မြို့နယ် ပညာရေးမှူးဦးခင်ဇော်နှင့် ဖိတ်ကြားထားသောဌာနဆိုင်ရာ အကြီးအကဲများ၊ အထက(ခွဲ)ချောင်း လမုရွာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မိစန်းစန်းသက်နှင့်ဆရာ/မများ၊ ကျောင်းအကျိုး တော်ဆောင်များ၊ မိဘဆရာအသင်းဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်း သား/သူများ စုံညီစွာတက်ရောက်ခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

“ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးကြပါစို့” ဆိုသည့် ဆောင်ပုဒ်အတိုင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်၊ အတူနေမိသားစုနှင့်ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်အတွင်းရှိ အသက်(၁၂)နှစ်မှ အသက် (၁၈)နှစ်အထိ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပြင်ဦးလွင်မြို့နယ် လူမှုရေးအသင်းအဖွဲ့များအားတွေ့ဆုံထောက်ပံ့ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပြင်ဦးလွင်မြို့နယ် လူမှုရေးအသင်းအဖွဲ့များအား  တွေ့ဆုံထောက်ပံ့ပွဲကို  ယနေ့ နံနက် ၉ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊  ပြင်ဦးလွင်မြို့နယ် လူမှုရေးအသင်းအဖွဲ့များ နှင့် Saints   Aloysius  သီလရှင်ကျောင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အထကကော့မှူးမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီ က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မြို့သစ်ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (ကော့မှူး) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ကော့မှူးမြို့၌ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ပြည်သူများလက်ဝယ်အရောက် စာအုပ်စာစောင်များ ငှားရမ်းပေး

ပြည်သူများစာပေမှရရှိသည့်အတွေးအခေါ် ဗဟုသုတများစွာရရှိစေရန်နှင့် စာအုပ်စာစောင်များ ပြည်သူများလက်ဝယ်အ‌ရောက် လေ့လာဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်က ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်တောင်ပိုင်းရပ်ကွက် မြို့နယ်သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် Korace Limited အထည်ချုပ်စက်ရုံသို့ မြို့နယ်လူမှုဖူလုံရေးရုံးမှကြီးကြပ်၍ နယ်လှည့်ကုသရေးယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် လူမှုဖူလုံရေးရုံးမှ Mobile Medical Unit (MMU) စနစ်ဖြင့် စက်ရုံ၊ အလုပ်ရုံများအရောက် နယ်လှည့်ကုသရေးယာဉ်ဖြင့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်းများကို ယနေ့နံနက် (၉)နာရီအချိန် က တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ Korace Limited အထည်ချုပ်စက်ရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to