လူသားတို့ ကျန်းမာပျော်ရွှင်ဖို့ အမှိုက်များကို စနစ်တကျ စွန့်ပစ်ကြပါစို့ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် “လူသားတို့ ကျန်းမာ ပျော်ရွှင်ဖို့ အမှိုက်များကို စနစ်တကျစွန့်ပစ်ကြပါစို့” ခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက အခြေခံပညာမူလတန်းကျောင်း (တံတားကြီး)တွင် ကျင်းပသည်။

ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို လူကုန်ကူးမှုအသိပညာပေး နံရံကပ်ဘုတ်ချိတ်ဆွဲခြင်း (၁၁/၁၀၀)ဆေးရုံတွင် ဆောင်ရွက်

ဒသမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အကြို လူကုန်ကူးမှုအသိပညာ ပေးနံရံကပ်ဘုတ်ချိတ်ဆွဲခြင်းကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအဖွဲ့ကဦးဆောင်၍ ယနေ့နံနက်(၁၀)နာရီက အမှတ်(၁၁)၊ ကုတင်(၁၀၀)ဆံ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး မင်းလှမြို့၌ ကရင်ရိုးရာဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကရင်တိုင်းရင်းသားတို့၏ ဘာသာစာပေအနုပညာနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများ ခိုင်မာလာစေရန်၊ ပျောက်ပျက်မသွားစေရန် ဟူသောရည်ရွယ်ချက်ဖြင့် သာယာဝတီခရိုင်အဆင့် ကိုယ်စားပြု ကရင်ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲအား မင်းလှမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့မစာသင်တိုက်တွင် ယနေ့နံနက် ၉ နာရီချိန် က ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာ ဝန်ကြီးစောလင်းအောင် က ကရင်အမျိုးသားအလံကိုလည်းကောင်း၊ ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ စောသိန်းဝေ က ယောက်မကိုလည်းကောင်း၊ ကရင်အမျိုးသားများက ဖားစည်နှင့် ကျွဲချိုမှုတ်ခြင်းဖြင့် လည်းကောင်း၊ လူငယ်မောင်မယ်များက ချည်ဖြူဖွဲ့အသုံးဆောင် ပစ္စည်းများအားလည်း ကောင်းချည်ဖြူဖွဲ့မင်္ဂလာပွဲကျင်းပမည့် ခန်းမအတွင်းသို့သယ်ဆောင် ပေးခဲ့ကြသည်။

ကလောမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးဆောင်၍ ယမန်နေ့နံနက်

တောင်ဥက္ကလာပမြို့နယ်၌ ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က မူလတန်းဆင့်ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

မဘိမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပွင့်ဖြူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း (ပုံစံ-၆၆/၆) အချက်အလက်များ Data Base ရေးသွင်းခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပရာတွင် မဲဆန္ဒရှင်စာရင်းများ တိကျမှန်‌စေရေးအတွက် မြို့နယ်အတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်း(ပုံစံ - ၆၆/၆) အချက်အလက်များကို   e-ID စနစ်ဖြင့် Software Program နည်းပညာအသုံးပြု၍ Data Base ရေးသွင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ တစ်မြို့နယ်လုံး စာရင်းဖြည့်သွင်းဆောင်ရွက်ရမည့်

၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်စည်ပင်သာယာရေးဌာန၏ ငွေလုံးငွေရင်းတည်ဆောက်ရေးလုပ်ငန်းများ အတည်ပြုလျာထားရေးဆွဲနိုင်ရေး ရှင်းလင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွက် မြို့နယ်နယ်စည်ပင်သာယာရေးဌာန ငွေလုံးငွေရင်း တည်ဆောက်ရေးလုပ်ငန်းများ အတည်ပြုလျာထားရေးဆွဲနိုင်ရေး

ပေါင်းတည်မြို့နယ်တွင် စျေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသော သွားတိုက်ဆေးနှင့် ဆပ်ပြာမှုန့်တို့တွင် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် စျေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသော လူသုံးကုန်ပစ္စည်းများဖြစ်သည့် သွားတိုက်ဆေးနှင့်ဆပ်ပြာမှုန့်တို့တွင် ကုန်ညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မြို့မစျေးအတွင်း သွားတိုက်ဆေးနှင့် ဆပ်ပြာမှုန့်တို့ရောင်းချနေသော စျေးဆိုင်များတွင် ကုန်ညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်မှုရှိစေရေး စစ်ဆေးခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် (၅)ခရိုင် အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဖလားပထမဆုရရှိသည့် သရက်ခရိုင်အသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား အသက်(၁၆)နှစ်အောက် (၅)ခရိုင်အမျိုးသားဘောလုံးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား ပထမဆုရရှိခဲ့သည့် သရက်ခရိုင်အသင်းအား ဂုဏ်ပြုပွဲနှင့်တံခွန်စိုက်ဖလား အပ်နှင်းခြင်းအခမ်းအနား ကျင်းပခြင်းကို
Subscribe to