ကျိုက်လတ်၌ အမျိုးသမီးအကြမ်းဖက်မှုအန္တရာယ် ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ

ကျိုက်လတ် သြဂုတ် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ခန်းမတွင် ယနေ့ နံနက်(၁၁)နာရီက အမျိုးသမီးအကြမ်းဖက်မှု အန္တရာယ်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်အကြောင်းကို ဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာဆွေက အကြမ်းဖက်ခံရသူအပေါ် အပြစ်ဖို့ခြင်းအကြောင်း ကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ဝင်းပပအောင်က အမျိုး သမီးများကို အတင်းအကြပ် အနိုင်အထက်ပြုလက်ထပ်ခြင်းနှင့် ပတ်သက်သည့်အကြောင်းတို့ကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပ အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကိုလည်း စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရီရီမြင့်