ကွတ်ခိုင်မြို့နယ် အ-မ-က(၇)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မျိုးဆက်သစ်ကလေးသူငယ်များ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အ-မ-က(၇)ကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင် ပြပွဲကိုကျင်းပပြုလုပ်ခဲ့သည်။

ကလောမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)ကလောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးဆောင်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အင်းပြင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ အားကစားနှင့်လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံပေးအပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကမ္ဘာ့မိခင်နို့ချိုတိုက်ကျွေးရေးနှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီး အတွင်း ကျင်းပပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းသား/သူများ ကျန်းမာပျော်ရွှင်စွာဖြင့် ပညာသင်ယူနိုင်ရန် အသက် ၅ နှစ်မှ ၁၂နှစ်အတွင်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ကို ယမန်နေ့နံနက် (၉)နာရီ က အ.ထ.က၂ ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား (၁၆)နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးကျင်းပသော မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အသက်(၁၆)နှစ်အောက် ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲ အချိန်က ပေါ့မိုင်းရပ်ကွက် မြို့နယ်ပြည့်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် အိမ်တွင်းလက်မှုပညာ Bow ပြုလုပ်နည်း သင်တန်းပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်စေရေး အတွက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီတွင် အိမ်တွင်းလက်မှုပညာ (Bow) ပြုလုပ်နည်းသင်တန်းကို ဖွင့်လှစ်ပေးခဲ့သည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်

စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင်များမှ လစဉ် စဉ်ဆက်မပြတ် ပြုလုပ်ကျင်းပဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းအား ယမန်နေ့နေ့လယ်ပိုင်းအချိန်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။

ကမာရွတ်မြို့နယ်၌ ရွေ့လျားစာကြည့်တိုက်အဖြစ် စာအုပ်စာစောင်များ ငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကမာရွတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ ပုံပြောခြင်းများကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာ မူလတန်းကျောင်း အမှတ်(၁)၌ ဆောင်ရွက်ခဲ့သည်။

စာရေးဆရာအောင်သင်း၏ မျိုးဆက်သစ်ရဲ့မဟာမိတ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်

ပြည်သူများစာပေလေ့လာဖတ်ရှုပြီး ဗဟုသုတကြွယ်ဝစေရန်နှင့် အားလပ်ချိန်တွင် စာပေ ဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာပေဖတ်ရှုရာမှတစ်ဆင့် အသိပညာ၊ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး (Community Centre) ခန်းမ၌ ယမန်နေ့နေ့လယ် (၁) နာရီမှ စတင်၍ စာရေးဆရာအောင်သင်း၏ မျိုးဆက်သစ်ရဲ့မဟာမိတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to