ရွှေတောင် မြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးစစ်ဆေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ယာဉ်စည်းကမ်း လမ်းစည်းကမ်းထိန်းသိမ်းရေးစစ်ဆေး အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခပ်ခြင်း၊ ယနေ့နံနက် ၉ နာရီခွဲက အမှတ်(၆)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား အိမ်တိုင်ရာရောက် ငွေကြေးထောက်ပံ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်သည့် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား တာဝန်ရှိသူများမှ သြဂုတ်လ(၁၈)ရက်နေ့မှ စတင်၍ သြဂုတ်လ (၂၆)ရက်နေ့အထိ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ အသိပညာဗဟုသုတရရှိစေရန်အတွက် ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်းများ လာရောက်ဆောင်ရွက်

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့တွင် အသိပညာဗဟုသုတရရှိစေရန်အတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ စာပေလေ့လာဖတ်ရှုသူများ၊ ကလေးစာဖတ်ခန်းတွင်အရုပ်ဆက်ခြင်း၊

ကာမိုင်းမြို့၌ ကက်သလစ်(RC) အသင်းတော်၏ ဖခင်များအား ဘောလုံးအားကစားပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ကက်သလစ်(RC) အသင်းတော်မှ ကြီးမှူး၍ စက်တင်ဘာလ (၁၄)ရက်နေ့တွင် ကျရောက်မည့် လက်ဝါး ကပ်တိုင် ဆု‌‌တောင်းပွဲ အထိမ်းအမှတ်နှင့် ဘုန်းတော်ကြီးတပိုင်နယ်ရှိ ဖခင်များ ကျန်မားရေးကောင်းမွန်စေရန် ရည်ရွယ်၍ ကာမိုင်းမြို့ ပြည်သူ့ အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ(၃) နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရန် ဆောင်ရွက်နေမှုများအား စည်ပင်ကော်မတီဝင်များမှ ကွင်းဆင်းကြည့်ရှု စစ်ဆေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီကာလအတွင်း ရပ်ကွက်များအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်နှင့် စလင်း၊ ဆင်ဖြူကျွန်းမြို့အတွင်းမှ

လုပ်ငန်းကျွမ်းကျင်မှုနှင့်အတူ ဌာနလုပ်ငန်းများ တိုးတက်ကောင်းမွန်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန၌ ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုနှင့်အတူ ဌာနလုပ်ငန်းများ တိုးတက်ကောင်းမွန်ရန်အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်း၊  ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်ခိုင်၊ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့် သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ကြံခင်းမြို့နယ် ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ စက်သုံးဆီဈေးနှုန်း မှန်ကန်စွာ ရောင်းချရေး စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စက်သုံးဆီရောင်းချသော ရွှေဗျိုင်းဖြူဆီဆိုင်နှင့် အိုဝမ်းစက်သုံးဆီဆိုင်များသို့ ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဈေးကွက် စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးကြသည်။

ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ပြီး အသိပညာပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ ကြံခင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပလတ် စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ်ရာ ယမန်နေ့ နံနက် ၈ နာရီက ကြံခင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ဘက်ရဲဈေး အတွင်း/အပြင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား အသိပညာပေး ဆောင်ရွက်ကြသည်။

မတ္တရာမြို့နယ်၌ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to