ကာမိုင်း ဩဂုတ် ၂၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ ကက်သလစ်(RC) အသင်းတော်မှ ကြီးမှူး၍ စက်တင်ဘာလ (၁၄)ရက်နေ့တွင် ကျရောက်မည့် လက်ဝါးကပ်တိုင် ဆုတောင်းပွဲ အထိမ်းအမှတ်နှင့် ဘုန်းတော်ကြီးတပိုင်နယ်ရှိ ဖခင်များ ကျန်မားရေးကောင်းမွန်စေရန် ရည်ရွယ်၍ ကာမိုင်းမြို့ ပြည်သူ့အားကစားကွင်း၌ ယမန်နေ့ မွန်းလွဲ(၃) နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ဆရာဂျွန်လ်စပေါ့လ်အောင်က အဖွင့်ဆုတောင်းပေးပြီး ကာမိုင်းဘုန်းတော်ကြီး ပီတာအင်လန်တူးအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းထိုက်က အားကစားအသိပညာပေးနှင့် ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များကို ပြောကြားကာ ဘောလုံးစည်းကမ်းချက်များကို ကွင်းလယ်ဒိုင်တစ်ဦးက ပြောကြားပြီး Rev ဦးမရန်ဆိုင်းအောင်မှ အပိတ် ဆုတောင်းပေးခြင်းနှင့် ကောင်းချီးပေးခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် အသင်း(၈)သင်း ပါဝင်ယှဉ်ပြိုင်သွားမည့်ဖြစ်ပြီး ပထမ၊ ဒုတိယရရှိသော အသင်းများကို စက်တင်ဘာ(၁၅)ရက်နေ့တွင် ဘောလုံးကော်မတီအဖွဲ့မှ ဆုရရှိသည့် အသင်းများကို ဆုများ အသီးသီး ချီးမြှင့်ပေးသွားမည့်ဖြစ်ကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)