ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သဘာဝဘေးကူညီ ကယ်ဆယ်ရေး တပ်စုအသင့်စုဖွဲ့ထားရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီ ကယ်ဆယ်နိုင်ရေးအတွက် သဘာဝဘေး ကူညီကယ်ဆယ်ရေးတပ်စုကို မြို့နယ်မီးသတ်ဦးစီးဌာနတွင် အသင့်စုဖွဲ့ထားရှိလျက်ရှိကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန်ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရန် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါမျိုးဗီဇပြောင်း အိုမီခရွန် မျိုးစိတ်သစ် BA.4 နှင့် BA.5 ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၁၃ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဥတ္တရခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်ယဉ်ကျေးမှုဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်၌ လူငယ်နှင့်ယဉ်ကျေးမှု​ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပသည်။

ကိုကိုးကျွန်းမြို့နယ်၌ ကိုဗစ်-ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်င်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် Covid-19 ရောဂါ ကာကွယ်ဆေးကို ယနေ့တွင် ကိုကိုးကျွန်းမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် ပြည်သူလူထုအား မြို့နယ်ခန်းမ၌ အသက်(၄၀)နှစ်မှ အသက်(၆၄)နှစ်အထိ တတိယအကြိမ် ထပ်ဆောင်း ကာကွယ်ဆေးထိုးနှံခြင်းကို ဦးတည်အုပ်စုများ သတ်မှတ်ပြီး တပ်မတော်မှ ဆေးအဖွဲ့များ ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်နှင့် သူနာပြုများ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများမှ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ပြီး ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းခြင်း သွေးပေါင်ချိန်တိုင်းခြင်း အခြား အထွေထွေရောဂါများကို စမ်းသပ်ပေးခဲ့ပြီး ဆေးထိုးပြီး သူတိုင်းကိုလဲ မိနစ်(30)ခန့် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းလည်ပတ်မှုအားကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထောက်ပံ့ရန်ပုံငွေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ယမန်နေ့ နံနက်ပိုင်းက

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူ စုစုပေါင်း (၄၆)ဦးကို တာဝန်ရှိသူများလက်ခံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လွဲပြောင်းပေးလာသည့် ပြစ်ဒဏ်မှလွတ်မြောက်လာသူ အမျိုးသား(၃၉)ဦး၊ အမျိုးသမီး(၇)ဦး စုစုပေါင်း(၄၆)ဦးကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်က မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား ၂ တွင် လက်ခံခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေ၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယနေ့နံနက် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to