လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၃၃၅)ဦး ကွင်းဆင်းထိုးနှံ

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၅)နှစ်မှ အသက်(၁၈)နှစ်နှင့်အထက် ဒေသနေပြည်သူများ၊ သံဃာတော်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ တို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ထိုးနှံပေးခြင်းနှင့် တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၉)နာရီက လှည်းကူးမြို့၊ ပြည်တော်သာရပ်ကွက်တွင် တာဝန်ရှိသူများက ကွင်းဆင်းထိုးနှံဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာတွင် ဘူးစိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာတွင် ဘူးစိုက်ပျိုးရောင်ချသူများအဆင်ပြေလျက်ရှိကြောင်းနှင့် ဘူးပင်များစိုက်ပျိုးမည်ဆိုပါက ဦးစွာထယ်ရေးညက်ညက်တွင် သဘာဝ မြေဩဇာဖြစ်သည့်နွားချေးနှင့် မြေပြင်ထားပြီး တစ်ပင်နှင့်တစ်ပင်(၆)ပေ၊ တစ်တန်းနှင့်တစ်တန်း(၁၈) ပေ စိုက်ပျိုးမှသာ လေဝင်လေထွက်နှင့်နေရောင်ခြည်ကောင်းစွာရရှိ၍ အသီးအထွက်နှုန်းကောင်းမွန် ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်တွင် နေကြာမျိုးစေ့ထုတ်စံပြစိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ပြည်တွင်းစိုက်ပျိုး ထုတ်လုပ်မှုဖြင့် ဆီထွက်သီးနှံ ဖူလုံစွာစားသုံးနိုင်ရန် နိုင်ငံတော်ဝန်ကြီးချုပ်၏လမ်းညွှန်မှုနှင့်အညီ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်အတွင်း ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးရန်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ

ညောင်ဦးမြို့နယ်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါ အသိပညာပေးခြင်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ဘုရားနီးလမ်းဆုံတွင် ယနေ့နံနက် ၈ နာရီအချိန်မှစတင်ပြီး ၂၀၂၀ ပြည့်နှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေပါအချက်များအား ရှင်းလင်းအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြုပြင်နည်းသင်တန်းတွင် သင်တန်းသား များမှ စိတ်ပါဝင်စားစွာသင်ကြားနေမှုအား တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

ကျေးလက်နေပြည်သူများအား လူမှုစီးပွားဘဝတိုးတက်မြင့်မားပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ရရှိစေရန် ရည်ရွယ်၍ ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူ ပြုဆိုင်ကယ်ပြုပြင် နည်းသင်တန်းကို ဤဦးစီးဌာနရုံး၌ ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်ဖွင့်လှစ် သင်ကြားခဲ့ရာ ဩဂုတ် ၂၅ ရက်နေ့ နံနက်(၁၀) နာရီက မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ရှိသူများမှ သင်တန်းတွင် သင်တန်းသားများ စိတ်ပါဝင်စား စွာဖြင့် လက်တွေ့သင်ကြားနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်သင်ကြား

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာ စေရန်ရည်ရွယ်၍ ဓမ္မစကူးလ်ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ငါ့သရောက်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန်  သစ်ပင်၊ သစ်ကိုင်းများခုတ်ထွန်ရှင်းလင်း

  မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ငါ့သရောက်မြို့ လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မြို့လျှပ်စစ်မန်နေဂျာဦးဝင်ထွန်းနှင့်ဒု-မြို့လျှပ်စစ်မန်နေဂျာဦးဝေဖြိုးကျော်တို့မှ ဦးဆောင်ပြီး ယနေ့နံနက် ၈ နာရီမှစ၍ လျှပ်စစ်ဓာတ်အားပေးလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွန်ရှင်းလင်းခြင်း လုပ်ငန်းများကွင်ဆင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က ဒေသနေပြည်သူများ လူကုန်ကူးမှုဆိုင်ရာအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာအသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်ရှိ စစ်ဘေးရှောင်အိမ်ထောင်စုများကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့က ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲအိုမီခရွန်မျိုးစိတ်သစ်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများကရင်၊ မြန်မာနှစ်ဘာသာဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်မျိုးစိတ်သစ်" ရောဂါကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများသိရှိစေရန်အတွက် စကောကရင်ဘာသာနှင့် မြန်မာဘာသာဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်(၈)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to