စလင်း သြဂုတ် ၂၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် မိုးရာသီကာလအတွင်း ရပ်ကွက်များအတွင်းရှိ ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်နှင့် စလင်း၊ ဆင်ဖြူကျွန်းမြို့အတွင်းမှ ရပ်ကွက်များနေ ပြည်သူလူထုတို့၏ စားဖိုချောင်သုံး စွန့်ပြစ်အမှိုက်များနှင့် နေအိမ်ခြံဝန်းအတွင်းတို့မှ အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်နေမှုတို့အား သြဂုတ်လ ၂၈ ရက် ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ဆောင်ရွက်နေမှုတို့ကို စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။
စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်မြတ် ဦးဆောင်ကြီးကြပ်မှုနှင့်အတူ စလင်းမြို့ ပေါင်းနားရပ်ကွက် အမှတ် (၃)လမ်းရှိ အဓိကရေနှုတ်မြောင်းအား မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေရန်နှင့် လမ်းဘေးဝဲ၊ယာရှိ ခြုံနွယ်အမှိုက်များ၊ ရှင်းလင်းခဲ့ကြသည်။ ဆက်လက်၍ ဆင်ဖြူကျွန်းမြို့ အမှတ်(၂)ရပ်ကွက် နေရှင်နယ်လမ်းရှိ ရေနှုတ်မြောင်းအား မိုးရာသီကာလ ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများအတွင်းရှိ အမှိုက်သရိုက်များနှင့် သဲ၊ နုန်းများကို ဖယ်ရှားရန်အတွက် ဖုံးအုပ်ထားရှိသော ကျောက်ပြားအဖုံးများကိုဖယ်ရှားပြီး ရေမြောင်းများအတွင်းများမှ အမှိုက်များဆယ်ယူမှု၊ နေအိမ်များမှ စားဖိုချောင်သုံး စွန့်ပြစ်အမှိုက်များ နေအိမ်ခြံဝန်းများမှ အမှိုက်များအား လမ်းဘေးဝဲ၊ ယာများမှ ခြုံနွယ်အမှိုက်များကို ရှင်းလင်း၍ အမှိုက်သိမ်းမော်တော်ယာဥ်များဖြင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေမှုတို့ကို စည်ပင်သာယာရေးအဖွဲ့ကော်မတီဥက္ကဋ္ဌနှင့် စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များက ကြီးကြပ်၍ ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။
မောင်လွင်(စလင်း)