ဖားဆောင်းမြို့နယ်၊ အခြေခံပညာကျောင်းများတွင် အသိပညာပေး ဟောပြောပွဲကျင်းပ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘောလခဲခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က (အထက)ဖားဆောင်းကျောင်း၊ ပညာရတနာခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။