ငပုတောမြို့၌ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး ဆန်များ ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စားသုံးသူ‌ရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဆန်များဝယ်ယူနိုင်ရေးအတွက် မနောသုခ၊ သီးထပ်ရင်၊ ဆန်တစ်ပြည်လျှင် (၁,၅၀၀)ကျပ်နှုန်းနှင့် သြဂုတ်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် စတင်ရောင်းချပေးလျက်ရှိ​ကြောင်း သိရသည်။

ကသာမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ကသာမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီအချိန်က ကသာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

မိုင်းနောင်မြို့ ပြန်/ဆက်ဦးစီးဌာနရုံး Community Centerတွင် စာပေချစ်သူအသင်းဝင်များ စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Center တွင် စာပေချစ်သူအသင်းဝင်များ စုပေါင်း၍ ယမန်နေ့၊ မွန်းလွှဲ(၁)နာရီအချိန်က စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖား​ဆောင်းမြို့နယ်၌ လူမှုအားမာန်အဖွဲ့ တိုးချဲ့ဖွဲ့စည်း​ရေး အသိပညာ​ပေးသင်တန်းဖွင့်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ဖား​ဆောင်း​ကျေးရွာအုပ်စု၊ စုစည်း​ကျေးရွာတွင် လူမှုအားမာန်အဖွဲ့ တိုးချဲ့ဖွဲ့စည်း​ရေး အသိပညာ​ပေးသင်တန်းကို ယ​မန်​နေ့က အဆိုပါ​ ကျေးရွာဘုရား​ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လူထုပါဝင်မှုဖြင့် လူနေအိမ်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် တစ်အိမ်တက်ဆင်း လိုက်လံ၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ အမှိုက်နှင့်ခြုံနွယ်များ ရှင်းလင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စတင်၍ လိပ်ကျွန်းကျေးရွာအုပ်စုတွင် လူထုပါဝင်မှုဖြင့် စုပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန္နီမြို၌ သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HVP)ဒုတိယအကြိမ်ထိုးနှံပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့၌ သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HVP) ဒုတိယအကြိမ်မြောက်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် ပလတ်စတစ်အိတ်အသုံးပြုမှု လျှော့ချရေး အသိပညာပေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ပလတ်စတစ်အိတ်အသုံးပြုမှုလျှော့ချရေး အသိပညာပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း က မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများတွင် ဆောင်ရွက်ခဲ့သည်။

မအူပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်နှင့်အောက် ရပ်ကွက်နှင့် တိုက်နယ်ပေါင်းစုံ မိုးရာသီ(အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်နှင့်အောက် ရပ်ကွက်နှင့် တိုက်နယ်ပေါင်းစုံ မိုးရာသီ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက မအူပင်ခရိုင် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပသည်။

ရေကြည်မြို့နယ်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန တို့ ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်က (အ.မ.က) ပိတောက်​ချောင်ပိုင်းကျောင်းဝန်းအတွင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပေါက်တောမြို့နယ်အတွင်းရှိ  IDPs စခန်းများတွင် ခိုလှုံနေကြသောပြည်သူ (၃၉၇၅) ဦးအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးပြီးဖြစ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁)IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများတွင် ခိုလှုံနေကြသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ကာကွယ်ဆေး(Covaxin) ထိုးနှံပေးခြင်းကို  ယမန်နေ့  နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ဆက်လက်ထိုးနှံပေးခဲ့ကြသည်။
Subscribe to